Unicode
ကျောင်းတွင်မောင်ကထည်၀ါကိုကိုနှင့် ရင်းနှီးသလိုအိမ်တွင်ကျတော့ ဘေးအိမ်မှသွယ်ထားပိုနှင့်ကျွမ်း၀င်မိလာတယ်။ အိမ်နီးချင်းကလည်းဖြစ်တယ်။ အသက်အရွယ်ကလည်းမကွာတော့ သွယ်ထားပိုဟာမောင့်အတွက် မင်စရာအဖော်လေးဖြစ်မှန်းမသိဖြစ်လာပါတယ်။ စဥ်းစားကြည့်လျှင် မောင့်အိမ်မှာမောင်ကလွဲလို့ အကုန်လုံးကသူတို့အာရုံနှင့်သူတို့ရှိနေကြတာဖြစ်လို့ ပိတ်ရက်တွေမှာမောင့်အတွက်ပျင်းရိမိတဲ့အခါတွေလည်း ရှိလာတော့ သက်တူရွယ်တူအိမ်နီးချင်းတစ်ယောက်ရှိရတာက မောင့်အတွက်မမျှော်လင့်ထားတဲ့ စိတ်လှုပ်ရှားစရာလေးတစ်ခုဖြစ်လာတာ မဆန်းပါ။
သူတို့နှစ်ယောက်ရဲ့အကြိုက်ကလည်း တိုက်တိုက်ဆိုင်ဆိုင် တူလွန်းပါတယ်။ သွယ်ထားပိုအကြိုက်ဆုံးArtistက မောင့်အသည်းကြာပွတ်လေး Taylor Swiftဖြစ်တာရော၊ နှစ်ယောက်လုံးရဲ့အကြိုက်ဆုံး 90s sitcom seriesက Friendsဆိုတာရော၊ Mama miaရုပ်ရှင်ကြောင့် Abbaရဲ့သီချင်းတွေကိုစကြိုက်မိကြတာရော အကုန်တူနေခဲ့တော့ သွယ်ထားပိုနှင့်မောင့်ထံတွင် ပြောစရာများကကုန်တယ်ကို မရှိတော့။
ဤသို့ဖြင့် မောင်တို့နှစ်ယောက်က ခပ်မြန်မြန်ပင်သူငယ်ချင်းအရင်းအချာများနှယ် ဖြစ်လာကြတယ်။ တူနာနှင့်ကီကီ(ခွေးညိုလေး)ကလည်း အံ့သြဖို့ကောင်းအောင် တည့်ရှုကြတယ်လေ။
မထင်ရပေမယ့် သွယ်ထားပိုကဆေးကျောင်းသူ။ သွယ်ထားပိုရဲ့အိမ်ကသူမကို သွယ်လေးလို့ခေါ်ကြတော့ မောင်ကလည်းအဲဒီလိုလိုက်ခေါ်မိတယ်။ မောင့်အိမ်ခေါ်နာမည်ကလည်း မောင်ဆိုတော့ စံထားညိုရော၊သွယ်ထားပိုရော ညီအစ်မနှစ်ယောက်လုံးကပါ မောင့်ကိုမောင်လို့ခေါ်ကြပြန်တယ်။ အမှန်အတိုင်းပြောရလျှင် မောင့်ရဲ့နာမ်စားက နှုတ်မှထွက်လျှင်အကြောင်းမသိသူများအဖို့ အနည်းငယ်အထင်လွဲစရာလေးတော့ ဖြစ်နေပါတယ်။
ဥပမာအနေနှင့် သွယ်ထားပိုနှင့်မောင့်ရဲ့စကား၀ိုင်းဆို သွယ်လေးနှင့်မောင်လို့တစ်ယောက်ကိုတစ်ယောက်ခေါ်ကြတော့ ကြားရသူများအဖို့သမီးရည်းစားအလား နားရှုပ်ချင်စရာကောင်းပါတယ်။ အထူးသဖြင့် သိင်္ခပေါ့။ သိင်္ခကလည်းထိုညီအစ်မကိုတွေ့စတည်းကနေ တစ်စက်လေးမှ အမြင်မကြည်ခဲ့ပါ။
YOU ARE READING
Echoes of Love{Complete}
RomanceI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)