Unicode
အချိန်သည်ညခုနှစ်နာရီကျော်ခန့် ရှိနေပြီ။သူငယ်ချင်းတွေ ပြန်သွားတော့ မောင်ကသူ့ရဲ့ အပေါ်ထပ်အိပ်ခန်းဆီ ပြန်တက်သွားပါတယ်။ ညနေစာကို ဂျူလိုင်ကိုတို့နှင့်အတူစားခဲ့ပြီးတာကြောင့် သိင်္ခနှင့်အတူစားရမည့် ညနေစာစားပွဲဆီကို မောင်ကထပ်ဆင်းမလာတော့ပါ။ မေကြည့်ကိုသိင်္ခက မောင်စားပြီးကြောင်းသေချာအောင် ထပ်မေးမြန်းတာကလွဲလို့ ညနေစာစားပွဲတွင် ဘာစကားမှထပ်မဆိုတော့ ညနေစာစားပွဲဟာ သိင်္ခတစ်ယောက်တည်းနှင့်ပင် တိတ်တိတ်ဆိတ်ဆိတ် ပြီးသွားခဲ့၏။
"မေကြည် ခဏနေလောက်ကျရင် ထွေးထွေးကိုစာကြည့်ခန်းဆီကော်ဖီတစ်ခွက်လောက် လာပို့ပေးပါလို့ပြောပေးပါ"
သိင်္ခကစာကြည့်ခန်းထဲက အလုပ်စားပွဲဆီ မသွားမှီမေကြည့်ကို မှာခဲ့တယ်။
စာကြည့်ခန်းမှာအရင်ကတော့ မောင့်ဖေဖေအလုပ်ခန်းဖြစ်ခဲ့ပေမယ့် အခုအချိန်တွင် သိင်္ခခြေ၊သိင်္ခလက်ဖြင့် သိင်္ခပုံရိပ်အတိုင်းပြောင်းလဲနေခဲ့ပြီ။ ခန်းဆီး၏အရောင်၊ ပရိဘောဂတစ်ချို့၊ စာအုပ်စီရီမှုနှင့် အခန်းအတွင်းလေထုအနံ့အသက်ကအစ မြတ်သိင်္ခမောင်၏အငွေ့အသက်ဖြစ်နေတော့တယ်။
သိင်္ခကမျက်စိကိုအနီးအနည်းငယ် မှုန်တယ်။ဒါကြောင့် အာရုံစူးစိုက်ရတဲ့အလုပ်လုပ်ချိန်တွေမှာ သူကမျက်မှန်တပ်ထားလေ့ရှိသလို လေးထောင့်ဆတ်ဆတ် ငွေရောင်မျက်မှန်က သူ့ကိုရှိရင်းစွဲအသက်ထက် အနည်းငယ်ရင့်ကျက်သယောင် ဖြစ်သွားစေပေမယ့် မျက်နှာချောချောကိုတော့ ပုံမှန်ထက်ပင် ကြည့်ကောင်းသွားစေပါတယ်။
'ချောက် ချောက်'
ဘောပင်ကိုနှစ်ချက်ခန့် နှိပ်လိုက်ရေးလိုက်လုပ်ပေမယ့် မှင်ဆက်မထွက်လာတာကြောင့် ဘောပင်လဲရန်စားပွဲရဲ့ ဘယ်ဖက်အံဆွဲကို သိင်္ခလှမ်းဖွင့်လိုက်တယ်။ အချိန်အတိုင်းအတာတစ်ခုအထိ သည်မှာသာအခြေချဖြစ်မှာကြောင့် မထားခဲ့ချင်တဲ့ စင်္ကာပူapartmentမှ ပစ္စည်းတချို့ကို သူပြန်သယ်လာခဲ့တယ်။ ထိုအထဲမှတချို့အရာများကို သိင်္ခက သူပုံမှန်ရှိဖြစ်နေမယ့် စာကြည့်ခန်းထဲသို့လည်း ပြောင်းရွှေ့ထည့်ထားပြန်ပါတယ်။
YOU ARE READING
Echoes of Love{Complete}
RomansaI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)