Unicode
[WARNING: MATURE CONTENT. I can see you smiling. You naughty naughty.]
မောင့်နှုတ်ခမ်းတွေကအနူးညံ့ဆုံးစုတ်ဖြဲခံနေရတယ်။ လွှမ်းမိုးမှုကရစ်ပတ်လာတယ်။ မွတ်သိပ်စွာ၊တောင့်တစွာရှိုက်ရှိုက်၍ နမ်းလာတာနှင့်အမျှ အသက်ရှူဖို့မောင်မေ့လာတယ်။ လည်ချောင်းဟာ ခြောက်ကပ်မှုအတိနှင့် နှုတ်ခမ်းတွေကတော့စိုစွတ်လာပါတယ်။
"Huh...."
အသက်ရှူဖို့အတွက်နှုတ်ခမ်းကို မောင်ဖွင့်လိုက်တယ်။ အချိန်ကိုက်တိုး၀င်လာတဲ့လျှာက သန်မာလွန်းနေတယ်။ မောင့်ကျောပြင်ကအိစက်တဲ့မွေ့ယာထဲကို ပိုပိုနစ်၀င်လာသလိုပင်။
ရှည်ကြာသွားတဲ့အနမ်းတွေကိုရပ်၍ နှုတ်ခမ်းတွေကိုခွာလိုက်တဲ့အခါ အကွာအဝေးကြားမှာပိုးကြိုးမျှင်လိုငွေရည်တန်းသွားပါတယ်။ ထိုမျှအထိနှုတ်ခမ်းနှင့်လျှာတွေက တိုက်ခိုက်ခဲ့ကြတာပင်။
သိင်္ခရဲ့နှုတ်ခမ်းကမောင့်နှုတ်ခမ်းဆီကနေ ခွာသွားပြီးတဲ့နောက် မောင့်ရဲ့မေးစေ့ဆီကိုထိကပ်တယ်။ လျှောဆင်းသွားတယ်။ စိုစွတ်မှုကမောင့်လည်ပင်းတစ်လျှောက် ပွတ်တိုက်သွားပါတယ်။
"Hmm...."
မောင့်ရဲ့ငြီးငြူသံကအဖျားခတ်လာပြီ။ သံလိုက်တစ်ခုလို သိင်္ခနှုတ်ခမ်းကမောင့်လည်ပင်းကိုဆွဲ၍ စုပ်ယူတယ်။ နစ်၀င်လာတဲ့နှုတ်ခမ်းသားတွေ၊ တို့ထိနေတဲ့လျှာဖျား၊ ခပ်ဖွဖွဖိကိုက်၍ ငွေရောင်သွားရည်ကြည်တို့ဖြင့်ငုံထွေးတယ်။ မောင့်လည်ပင်းကအစိုဓာတ်ဟာ တင်းမာလာတဲ့အောက်ပိုင်းရဲ့စိုစိမ့်မှုနှင့် ယှဥ်ပြိုင်နေကြသလိုပင်။
ဦးနှောက်ကဗလာအတိဖြစ်လောက်အောင် စိတ်ဆန္ဒတွေကထိုးဖောက်လာတဲ့အခါမှာတော့ မောင့်လက်တွေကကိုယ့်အောက်ပိုင်းကိုယ်ထိတွေ့လိုက်ဖို့အတွက် လျှောဆင်းသွားပါတယ်။
သိင်္ခကတဖြည်းဖြည်းအောက်ရောက်လာတဲ့ မောင့်လက်နှစ်ဖက်ကို သူ့လက်တစ်ဖက်တည်းနှင့်ဆွဲဖမ်းလိုက်ပြီး အပေါ်ကိုဖိကပ်ဆုပ်ကိုင်ပစ်လိုက်ပါတယ်။ ကျန်လက်တစ်ဖက်ကိုတော့ အင်္ကျီအောက်မှမောင့်ရဲ့အ၀တ်ဗလာခါးကိုပြန်ကိုင်ထားတယ်။ သိင်္ခက မောင့်လည်ပင်းကိုနောက်ဆုံးအနေနှင့်ပြင်းပြစွာ စုပ်နမ်းလိုက်ပြီး အက်ရှစွာပြောတယ်။
YOU ARE READING
Echoes of Love{Complete}
RomanceI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)