chapter_1{Unicode}

1.1K 52 2
                                    

"ကျေးဇူးပြုပြီးနားထောင်ပေးပါ..ကျေးဇူးပြုပြီးနားထောင်ပေးပါ
ရုပ်သံလှိုင်းအမှတ်2မှကြေညာချက်ကိုသေချာနားထောင်ပေးပါ"

မိုးကျသံတွေကဆူညံလွန်းလှသည့်ဂီတပွဲအလား
ထို့ကြောင့်ရေဒီယိုလိုင်းတွေမှာလည်းထစ်ကြောင်းတွေထပ်၍ပင်။ မိုးရွာထဲမှစိုစိုစွတ်စွတ်ပြန်လာကြသူနှယောက်မှာတော့အပျော်တွေလွန်ပြီးဘာမှမကြားနိုင်သေးပေ။ဆံပင်အုပ်အုပ်လေးတွေထက်ကရေစက်တွေကိုသူကခါသပ်ပေးရင်း...
မျက်ဝန်းလဲ့လဲ့လေးတွေနှင့်ကောင်လေး၏ပါးနှစ်ဖက်နုနုလေးတွေကိုဖိကပ်ဖျစ်ညှစ်ရင်းပင်~~

"Mr..Nara..တော်သင့်ပြီထင်တယ်..ကျွန်တော်သိပ်နာနေပြီ"

သူကတော့သူ့ရှေ့က ပူပူနွေးနွေးချစ်သူလေးကိုချစ်လို့ထိလို့ပင်အားမရသေးပါလေ။အခုလည်းကြည့်မိုးတွေကတရစပ်မစဲ..တသည်းသည်းနှင့် သူတို့နှစ်ယောက်ကကလေးတွေလိုဆော့ကစားနေကြသေးသည်။
အိမ်ပေါ်လှေကားထစ်ရှည်ကြီးတွေပေါ်မှ မေကြီးကသူတို့ကိုအိမ်ပေါ်အမြန်တက်လာရန်မိုးသံတွေကြားကအော်ခေါ်နေခဲ့ပါသည်။

သူကအိမ်ပေါ်မှမေကြီးကိုလက်ယမ်းပြရင်းသူ့ဘေးကကောင်ကလေးကိုစွေ့ကနဲကောက်ချီရင်းအိမ်ပေါ်ခေါ်ချသွားသည်~~

လှေကားရှည်ကြီးပေါ်တက်သွားရင်းတဝက်လောက်ရောက်တော့သူ့ရင်ခွင်ထဲမျက်နှာအပ်ထားတဲ့ကောင်ကလေးကခပ်တိုးတိုးလေးမေးသေးတယ်

"ဟို..ကျွန်တော်တို့ရဲ့ရှူးဖိနပ်တွေ"

ပြောနေရင်းသူ့လည်ပင်းပေါ်ဖက်တွယ်ထားတဲ့လက်ကလေးကိုလွှတ်ကာမိုးရွာထဲကရှူးဖိနပ်တွေကိုလက်ညှိုးကလေးထိုးရင်းပြောရှာတာ။

သူကကောင်လေးနှဖူးကလေးပေါ်သူ့နှဖူးလေးသွားကပ်ရင်းနွေးနွေးထွေးထွေးလေးပြန်ပြောလိုက်ပါသည်။

"ရပါတယ်..အဲ့တာလေးတွေကဖိနပ်လေးတွေလေ အရေးမှမကြီးတာပဲ
မိုးတိတ်သွားမှပြန်ယူကြတာပေါ့.."

အိမ်ပေါ်ရောက်တော့မေကြီးကသူတို့အတွက်အခန်းငယ်လေးကိုသူတို့အိပ်ဖို့တဲ့။

အဝေးကြီးကနေမောမောပန်းပန်း ရောက်လာခဲ့ကြတာ။ဒီရောက်တော့မေကြီးကသူတို့အတွက်အားလုံးစီစဉ်ပေးရှာတာ။ရောက်ရောက်ချင်းနှယောက်သားခရီးပန်းနေကြပေမဲ့လည်းလွတ်လွတ်လပ်လပ်အပူအပင်မရှိဘဲရွာချတဲ့မို့ကြောင့်ကလေးတွေလိုမိုးရွာထဲဆင်းကြပြန်သေးတယ်လေ။
ဟုတ်ပါတယ်..တကယ်ကိုအဝေးကြီးကနေဒီထိရောက်ခဲ့ကြတာပါ။အဲ့တာကောင်လေးကိုသူစိတ်ပူလို့လေ~~
"သူတို့နှစ်ယောက်"ဆိုတာကိုဖြစ်တည်ခွင့်မပေးသောအသိုင်းအဝိုင်းကြီးကနေခေါ်ထုတ်လာတာ။ကောင်လေးကိုစိတ်မဆင်းရဲစေချင်လို့

Would  be mine, forever?Where stories live. Discover now