Chapter_7{Unicode}

292 28 1
                                    

"ဘယ်သူလဲ.."

မှုန်ဝါးဝါးပုံရိပ်တွေကြားလမ်းပျောက်၍ပြေးလွှားနေမိတဲ့သူ...

"Pooh...ကိုယ်တောင်းပန်ပါတယ်
ပြန်လာခဲ့ပါ"

"ဟင်း"

အသက်မဲ့သောအပြုံးထက်ကမျက်ရည်ကြောင့်သူပိုနာကျင်ရပါသည်။
အပြုံးဖျောဖျော့တို့နှင့်နောက်ဆုတ်နေတဲ့ခြေလှမ်းတွေနောက်မှာကအတိမ်အနက်မသိရသောသမုဒ္ဒရာ
သူတို့များစွာကြိုးစားခဲ့ပြီးမှတဲ့လား
ဘာလဲ..ကံတရားကလှည့်စားရတာကိုနှစ်ခြိုက်တယ်ထင်တယ်နော်...

"Pooh..မင်းအဲ့လိုလုပ်ရင်ကိုယ်မုန်းပစ်မှာနော်..pooh"

တောင့်ခံနိုင်မှုမရှိတော့သောဒူးတွေကယိုင်လုလု

ခုတ်မောင်းနေသောသဘောင်္စက်သံတွေကြားကငိုသံတချို့

အခုထိသူ့အပေါ်မလိမ္မာတဲ့ကောင်လေးကသူ့အသည်းကိုတစစီခြွေနင်းပစ်လိုက်ပြီ~~

"Poohhhh!"

နေရောင်ခြည်ခပ်အေးအေးကမနက်ပိုင်းအာရုဏ်ဆိုတာအသိပေးလျက်ပြတင်းမှန်မြှဖတ်ကာအခန်းတွင်းဝင်ရောက်လာခြင်းကြောင့်တကြောင်း
သူအမုန်းဆုံးအိမ်မက်ကြောင့်လည်းတကြောင်း
ပိုင်ဆိုင်ခါနီးအရာကိုလက်လွှတ်လိုက်ရသည့်ဆို့နင့်နင့်ခံစားချက်ကြောင့်လည်းတကြောင်း

မသိဖူးမကြားဖူးသော်လည်းလွန်စွာရင်းနှီးနေသည့်နာမည်လေးအားအော်ဟစ်မိရင်းနိုးထလာခဲ့သည်။

ထုံးစံအတိုင်းအိပ်ယာပေါ်ကဆင်းပြီးတဖက်ခြံဘက်ပြတင်းပေါက်လိုက်ကာလေးလှစ်ကနဲဖွင့်ကြည့်တော့အပင်တွေရေပိုက်နဲ့ဖြန်းနေတဲ့တယောက်ကိုထိပ်တိုက်မြင်မိတာပင်။

မနေ့ကတော့သူတို့သားအဖနှစ်ယောက်အပေါ်စိန်ခေါ်မှုတွေဟစ်ကြွေးပြီးခဲ့တဲ့ကောင်လေးမဟုတ်သလို~
မင်းကမဖြစ်နိုင်တဲ့အရာတွေကိုစိန်ခေါ်ခဲ့တာဘဲကောင်လေးရေ

ဖေကြီးကိုသူနည်းနည်းသက်ညှာဖို့ပြောတော့ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်ခံရသေးတာသူက
သိပ်ခေါင်းမာတဲ့ကောင်လေးကသန်းချီတဲ့အကြွေးတွေကို3လနဲ့ဘယ်လိုရအောင်ရှာမှာလဲ

Would  be mine, forever?Where stories live. Discover now