Chapter_6{Unicode}

264 28 2
                                    

အဲ့တခုကြောင့်ချည်းကပ်ခဲ့တာပေါ့
ရိုးရိုးရင်းနှီးအောင်လုပ်လည်းရတာပဲ
သူအခုဘယ်လိုလုပ်သွားသလဲကြည့်
သိပ်ကိုညဏ်များတယ်နော်

"ကျွန်တော်တခုပြောစရာရှိတယ်"

လှည့်ပြန်ဖို့လုပ်နေတဲ့သူတို့သားအဖခြေတုံ့ဆိုင်းသွားတော့
သူကထိုင်ခုံပေါ်ကထရပ်ရင်း

"3လ...ဟုတ်တယ်...3လ...
ကျွန်တော်ကျောင်းတက်ရင်းလည်းပိုက်ဆံပေးဖို့ကြိုးစားမယ်
ကျန်တဲ့ငွေပမာဏကိုလေ
ကျွန်တော်တို့ရဲ့ဒီအိမ်ကြီးကိုသာခင်ဗျားလက်လျော့လိုက်ပါ
ခင်ဗျားအကူအညီလည်းမလိုအပ်တာကြောင့်"

"Phuwin...မလုပ်နဲ့လို့မားပြောတယ်လေ..မားပြောတာကိုသာနားထောင်ပါသားရဲ့..မားပြောတာကြားလား"

သူ့စကားကြောင့် မားကစိတ်ပူသွားမည်ကိုတော့သူသိသည်။ဘယ်ကနေဘယ်လိုရမယ်မှန်းမသိနိုင်သေးသောငွေနှင့်
မသေချာသေးသောသူ၏အနာဂတ်ကြောင့်ပင်။

"အိုးးစိတ်အားထက်သန်နေပါလားကောင်လေးမင်းက..."

ထိုလူကြီးကအိမ်တံခါးပေါက်မှထွက်ခါနီးခြေလှမ်းတွေကိုသူ့ဆီဦးတည်လာပြန်သေးသည်။

"ငွေတွေအမြန်ရနည်းဦးလေးလည်းသိချင်တာပေါ့
3လအတွင်းရနိုင်မဲ့ငွေပေါက်လမ်းလေ"

သူ့ကိုပြုံးပြသောထိုလူမျက်လုံးတွေက
သူလုပ်နိုင်မည်မဟုတ်ကြောင်းခန့်မှန်းနေသည့်အနေအထားတွေ။

"ဘာဖြစ်ဖြစ်ကျွန်တော်ရအောင်ကြိုးစားမှာ"

သူ၏တိကျသောပြတ်သားသောလေသံနှင့်အတူထိုလူကြီးကိုပြန်ချေပတော့ဟက်ဟက်ပက်ပက်ရယ်မောရင်း

"အိုကေကောင်လေး
စောင့်ကြည့်တာပေါ့မင်းကို
ပြတ်သားနေတဲ့မင်းကိုသိပ်သဘောကျတယ်။
အကူအညီလိုရင်အချိန်မရွေးပြောနိုင်တယ်ကောင်လေး
မင်းလိုကောင်လေးမျိုးဦးလေးတို့လုပ်ငန်းခွင်မှာရှိနေရင်သိပ်ဖြစ်ထွန်းမှာ
ဟားဟားး"

***

  "ဟေ့လူ"

သူအနောက်ပြန်လှည့်ကြည့်တော့သူ့နောက်ကိုအမှီလိုက်နေရ၍လားမပြောတတ်...မောဟိုက်နေ၍တဟောဟဲဟဲဖြင့်အင်္ကျီလည်ပင်းစကိုမမှီတမှီလာဆွဲသည်

Would  be mine, forever?Where stories live. Discover now