Chapter_9{Unicode}

342 35 0
                                    

"ဟေ့..ထတော့"

မနေ့ကအဖြစ်အပျက်တွေကလုံးဝမြန်ဆန်လွန်းခဲ့တာသူ့အတွက်
ညကဆို..မားကချင်းမိုင်းကိုချက်ချင်းထပြန်မယ်ဆိုလို့မနည်းဝင်တားရသေးတာ။မားကိုတော့ဘယ်တော့မှမလွန်ဆန်နိုင်ခဲ့တာကြောင့်အထုတ်တွေသေချာထုတ်ပိုးပေးရပြန်တာညဉ့်နက်သွားတယ်၊နောက်ပြီးအလုပ်ကလည်းထွက်၊
အခုတော့နေ့ချင်းညချင်းသူကဒီအိမ်ကြီးမှာတယောက်တည်းရှင်သန်နေရသူလိုဖြစ်သွားပြီ
အကြွေးရှင်ရဲ့အလုပ်သမားကလည်းအလိုလိုဖြစ်သွားတာ
ဘာတွေဖြစ်ခဲ့မှန်းကိုယ့်ကိုယ်ကိုတောင်သတိမထားမိလောက်အောင်အဖြစ်အပျက်တွေကမြန်ဆန်လွန်းခဲ့တာလေ
ဘာဖြစ်ဖြစ်အရမ်းပင်ပန်းခဲ့တဲ့ညတာကိုကျော်ဖြတ်ခဲ့ရတဲ့သူ့အတွက်အိပ်ချိန်ကောင်းကောင်းလေးတော့ပေးသင့်တယ်မလား

"အင်းပါမားး..5minလေးပဲ"

"ဘယ် မားကိုပြောနေတာလဲမင်းက"

အိပ်မှုန်စုံဖွားဖြင့်ထပြောနေသောကိုယ့်ရှေ့သူကလာထိုင်လျက်
ဒီ..ဒီ..ဒီလူ

"ဘယ်လိုဝင်လာတာလဲကျွန်တော့်အခန်းထဲ"

"မေ့သွားပြီလား..ငါကဒီအိမ်ပိုင်ရှင်ဆိုတာ"

"အဲ့ဒီတော့ရော...
မဟုတ်ဘူး။ကျွန်တော့်အိမ်...ခင်ဗျားအိမ်ဖြစ်လာမှာမဟုတ်ဘူး"

ဖွာလန်နေသောသူ့ဆံပင်ကိုထိုလူကသေချာပြန်ဖိသပ်ပေးနေတာ
ဘာမှန်းမသိထိုလူကသူ့ရဲ့အုပ်ထိန်းသူဖြစ်သွားသလို

"ထတော့လေ...မနက်စာအပြင်မှာစားမယ်။ရေချိုးတော့နော်ကိုယ်အောက်မှာစောင့်နေမယ်"

သူ့ဆံပင်တွေကိုကလေးတယောက်လိုဖွာလိုက်ဖိသပ်ပေးလိုက်နဲ့စိတ်တိုင်းကျလုပ်နေတာ၊အံ့ဩတာကကိုယ့်လည်းသူလုပ်သမျှကိုမငြင်းမိဘဲငြိမ်နေမိတာဒါဘာခံစားချက်ကြီးလဲ။
ပြီးတော့သဘောကျနေမိတာလားဒီခံစားချက်ကြီးကို,ထိုလူကအပြုံးကြီးကြီးတွေနှင့်နွေးထွေးနေသလို

"အွန်းးသိပြီ....သွားတော့
ဒါကျွန်တော့်အခန်းနော်နောက်တခါဝင်ချင်သလိုဝင်မလာပါနဲ့၊ကျွန်တော်မကြိုက်ဘူး"

"ဘာလို့လဲ..နောက်ဆိုကိုယ့်အခန်းဖြစ်လာမှာပဲလေ"

တကယ်ပါ...ထိုလူကြီးကတကယ်ဂေါက်သီးး၊ဘေးကခေါင်းအုံးနဲ့ခပ်ဆတ်ဆတ်ထုပေးကာမှအနှောင့်ယှက်ကစွန့်ခွာတော့တယ်

Would  be mine, forever?Where stories live. Discover now