သူကဟိုအရင်ကPoohဆိုတဲ့ကောင်လေးလားလက်ရှိphuwinဆိုတဲ့ကောင်လေးလားမသိပေမဲ့သူသိနေတာကသူမြတ်နိုးနေတဲ့ပုံရိပ်လေးကနွေးနွေးထွေးထွေးသူ့အနားမှာရှိပေးနေတုန်းဘဲ
သူ့မျက်နှာကိုအနူးတညံ့ထိတွေ့နေတဲ့လက်ကလေးကနွေးထွေးနေသလို"Pond..ကျွန်တော့်ကိုလွှတ်
Pond...""ဒီအတိုင်းလေး...ခဏလောက်လေး"
- -
ကိုယ့်ကိုညပိုင်းသူ့အလုပ်တွေလုပ်ကူဖို့သူ့ဆီလာခိုင်းတယ်
သူကresortများရဲ့ပိုင်ရှင်မဟုတ်ပေမဲ့သေချာတာကပိုင်ရှင်နီးနီးအလုပ်တွေများနေတာပဲ
ဒါတောင်သူ့သင်တန်းအတွက်တဖက်ကြိုးစားရသေးတာတကယ်အလုပ်ရှုပ်တဲ့လူ
ဒါကြောင့်လည်းလိုအပ်တာကူညီဖို့လူလိုတာမဆန်းပါ
နောက်နေ့တွေဆိုနေ့ပိုင်းတွေပါကူခိုင်းတော့မှာအမှန်
လစာများများရနိုင်မည့်အခွင့်ရေးလည်းဖြစ်တာကြောင့်ကိုယ့်တွက်အားတက်သရောကူပေးဖို့ပင်
အခုလည်းလက်မှတ်ထိုးပေးရမည့်စာရင်းဇယားတွေနှင့်အပေါင်ချုပ်ရှယ်ယာတွေကလည်းအလွန်များသည်
တကယ်ချမ်းသာကြတယ်သူတို့သားအဖ။
အလုပ်လုပ်နေလျှင်အလုပ်ကိုသာအာရုံစိုက်နေတတ်သည့်သူကယောကျာ်းပီသစွာhandsomeဖြစ်နေတတ်၏
ဒါကြောင့်လည်းကိုယ်ကယောကျာ်းချင်းပြန်ငေးနေရပြီ
ု
သူ့အတွက်ကော်ဖီဖျော်ပေးပြီးပြန်လာတော့စားပွဲပေါ်မှေးတင်ပြီးအိပ်ပျော်နေပြီ
ခင်ဗျားပင်ပန်းမှာပဲ...ယုံကြည်ပါတယ်တနေ့နေ့တော့ခင်ဗျားလိုချင်တဲ့အရာအတွက်အလှဲအလှယ်လုပ်ပေးဖို့မလိုဘဲရနိုင်မယ်ဆိုတာ"Pooh...ကိုယ်တောင်းပန်တယ်
ကိုယ့်ကိုအနားမှာနေခွင့်ပေးး""ဘယ်သူ"
နှုတ်ခမ်းသားတလှုပ်လှုပ်နား,နားကပ်သွားထောင်တော့ခပ်ရေးရေးကြားဖူးသောနာမည်တခုကိုသူကမြည်တမ်းနေတာ
"Pooh..Pooh.."တဲ့
သူ့နှုတ်ခမ်းနားကပ်နားထောင်နေရာကမော့ကြည့်လိုက်တာအနီးကပ်တကယ်ကိုအနီးကပ်မြင်လိုက်ရတဲ့မှေးစင်းနေတဲ့မျက်တောင်လေးတွေအောက်ကမှည့်ပြောက်လေးတစ်စက်ကသာမန်ထက်ပိုပြီးကြည့်ကောင်းနေတယ်ထင်ပါရဲ့
YOU ARE READING
Would be mine, forever?
Fanfictionpondphuwin fan fic mm_sub {Zawgyi+Unicode} ONGOING... (PAUSED)