Chapter_3{Zawgyi}

249 8 0
                                    

"ဒါဆိုကိုယ့်နှလုံးသားတစ်ခုကိုယူလေနော်"

သူ့စကားကြောင့်ကောင်လေးကမျက်လုံးအဝိုင်းသားဖြင့်သူ့ကိုပြူးကြည့်လာရင်းအနည်းငယ်လှစ်ဟနေတဲ့နှုတ်ခမ်းသားမှ

"Mr..ဘာတွေပြောနေတာလဲ"

သူကောင်လေးမျက်နှာနားကပ်သွားတော့မျက်နှာလေးမဲ့ကာအနောက်ကိုတလှမ်းဆုတ်သွားသေးတာ။ရုပ်တည်ကြီးနဲ့အကြင်လူသားကတကယ့်ချစ်ဖို့တော့အကောင်းသား။

"ကိုယ်ပြောတာကိုနားထောင်ပါအုံး...
ကိုယ်ပြောချင်တာက ဒီရင်ထိုးလေးက ကိုယ့်ရဲ့တခုတည်းသောနှလုံးသားလေးလိုတန်ဖိုးထားရလို့...ကိုယ့်နှလုံးသားလေးလို့ခေါ်တာလေ"

"ဟမ်..."

သူ့ကိုမျက်နှာလွှဲပြီးနှုတ်ခေါင်းရှုံ့မဲ့သွားတဲ့ကောင်လေးက

"ဘယ်လိုလူကြီးလဲမသိဘူး" တဲ့။

ဟုတ်ပါတယ်။ဒီရူးကြောင်ကြောင်နိုင်မဲ့လူကြီးကပဲမင်းကိုချစ်မြတ်နိုးနေတာလေ။

"Mr..တွက်အရေးကြီးတာကိုဘာလို့ကျွန်တော့်ပေးတာလဲ"

"ကိုယ်ကမင်းဆီကအရေးကြီးတဲ့အရာကိုပြန်လိုချင်လို့လေ"

"ဘာလို့ကျွန်တော်ကပေးရမှာလဲ
အဓိပ္ပါယ်မရှိတာကြီးကို"

"ဒါမဲ့ကိုယ်လိုချင်တယ်လေ..ဖြစ်နိုင်ရင်ဒီကနေမင်းကိုပျောက်သွားအောင်လည်းဖျောက်ပလိုက်လို့ရတယ်..
ဟုတ်ပြီလား"

"mrကချိန်းခြောက်နေတာလား
ခင်ဗျားဘယ်လောက်အာဏာရှိရှိဘုရင့်နိုင်ငံတော်ကဥပဒေရှိပါသေးတယ် လို့"

"ဒါဆိုကိုယ်ကဒီမြို့တော်ကိုပိုင်ချင်ပိုင်နိုင်တယ်ဆိုရင်ရော"

သူပြောတဲ့စကားကြောင့်
သူ့ထံချက်ချင်းရောက်လာတဲ့မျက်လုံးကျယ်ကျယ်လေးတွေကိုသူကြည့်ရင်းသဘောကျနေမိသည်။

"အင်းပါ..ကိုယ်စတာပါ။
ရော့ဒါလေးယူထားလိုက်ကိုယ်ပေးချင်လို့နှလုံးသားကို"

ကောင်လေးရဲ့လက်ခုပ်လေးထဲထည့်အပ်ပေးထားခဲ့သည့်သူ၏နှလုံးသားငယ်(ရင်ထိုးး)။

"ဒါပေမဲ့ကိုယ်ဒီမြို့ကိုပိုင်နိုင်တယ်ဆိုတာတကယ်နော်
ကိုယ်လိုချင်တဲ့နှလုံးသားလေးဖြစ်တဲ့မင်းကိုတနေ့လာခိုးမှာမလို့"

Would  be mine, forever?Where stories live. Discover now