chapter_11(unicode+zawgyi)

463 30 2
                                    


Unicode

"ကိုယ်မူကထစားချင်လို့"

သူ့စိတ်ထဲဘာတွေတွေးနေလဲနားမလည်နိုင်တော့သူ့သည်းခံစိတ်ကိုဘဲစမ်းနေသလားပင်မှတ်ရသည်

"အိုခေအဲ့တာဘဲမလား
ကျွန်တော်ဝယ်ကျွေးမယ်ဒါပေမဲ့ကတိတခုတော့ပေးရမယ်"

လက်မနှင့်လက်သန်းထုတ်ရင်းသူ့တည့်တည့်သွားပြတော့သူက

"ကလေးအကွက်တွေ" တဲ့။
အဲ့ဒီကလေးအကွက်တွေကိုခင်ဗျားစိတ်ချမ်းသာဖို့သုံးရတယ်လေ။
အကြင်လူကကိုယ့်မျက်နှာကိုကြည့်လိုက်လိုက်သူ့ရှေ့ကကတိသင်္ကေတကိုကြည့်လိုက်နှင့်
ဝင်လာပါအုံးခဏကျွန်တော်ရဲ့ကလေးအကွက်ထဲ

"အင်းးကိုယ်ပေးတယ်။ပြောပါ"

သူ့လက်သန်းတစ်ချောင်းကိုသာလာရောက်ညွတ်တိမ်းနွယ်ရစ်လာတဲ့သူ့လက်သန်း။ခပ်ဟဟဖြစ်နေသောလက်မနှစ်ချောင်းကိုကိုယ်ကသာပူးကပ်ရင်းနှီးစေပြန်သည်

"ကျွန်တော့်ကိုနောက်တခါဒီလိုကြီးစိတ်မဆိုးပေးပါနဲ့ကျွန်တော်မချော့တတ်သလိုနေလည်းမနေတတ်ဘူး
အဲ့တာကြောင့်ကျွန်တော်..."

ဆက်လာမည့်သူ့နှုတ်ခမ်းမှစကားလုံးတွေကိုအကြင်လူကသေချာအာရုံစိုက်ပြီးနားထောင်ပေးနေတဲ့ပုံ

"ကျွန်တော့်ကိုနောက်တခါစိတ်မဆိုးပေးနဲ့....ကျွန်တော့်ကိုကူညီပေးတဲ့လူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရချင်လို့ဒါပါပဲ"

သူ့စကားအပြီးခေါက်ဆွဲတွေအရှေ့ကပုဂ္ဂိုလ်ကတည်ငြိမ်နေတဲ့မျက်နှာထားနဲ့ဘာလဲအခုထိမပြေသေးတာတော့မဟုတ်ဘူးမလား
နေပါအုံးကိုယ်ကဘာလို့သူ့ကိုဒီလောက်ထိချော့နေရမှာလဲသူလည်းကလေးမဟုတ်တာကို။ကိုယ်.ကိုယ်တိုင်အပိုတွေတွေးနေမိလားမပြောတတ်

"အင်း"

ဒါပဲလားအဖြေက။ဒီလူနှင့်အတူရှိနေချိန်တိုင်းသူ့မှာရှိနေသည့်စိတ်အလျားကိုတတ်နိုင်သည်ထက်တာဝေးများများဆွဲဆန့်ထားဖို့လိုနေပေသည်။

"အင်းအင်းဟုတ်ပြီ
ဒါဆိုလည်းသဘောတူပြီနော်deal
အခုတော့ကွေတီယိုသာကုန်အောင်စားပေးကျွန်တော်ကpondလောက်ပိုက်ဆံမပေါတာမို့အလကားမဖြစ်ချင်ဘူး"

Would  be mine, forever?Where stories live. Discover now