အဲ့တခုကြောင့်ချည်းကပ်ခဲ့တာပေါ့
ရိုးရိုးရင်းနှီးအောင်လုပ်လည်းရတာပဲ
သူအခုဘယ်လိုလုပ်သွားသလဲကြည့်
သိပ်ကိုညဏ်များတယ်နော်"ကျွန်တော်တခုပြောစရာရှိတယ်"
လှည့်ပြန်ဖို့လုပ်နေတဲ့သူတို့သားအဖခြေတုံ့ဆိုင်းသွားတော့
သူကထိုင်ခုံပေါ်ကထရပ်ရင်း"3လ...ဟုတ်တယ်...3လ...
ကျွန်တော်ကျောင်းတက်ရင်းလည်းပိုက်ဆံပေးဖို့ကြိုးစားမယ်
ကျန်တဲ့ငွေပမာဏကိုလေ
ကျွန်တော်တို့ရဲ့ဒီအိမ်ကြီးကိုသာခင်ဗျားလက်လျော့လိုက်ပါ
ခင်ဗျားအကူအညီလည်းမလိုအပ်တာကြောင့်""Phuwin...မလုပ်နဲ့လို့မားပြောတယ်လေ..မားပြောတာကိုသာနားထောင်ပါသားရဲ့..မားပြောတာကြားလား"
သူ့စကားကြောင့် မားကစိတ်ပူသွားမည်ကိုတော့သူသိသည်။ဘယ်ကနေဘယ်လိုရမယ်မှန်းမသိနိုင်သေးသောငွေနှင့်
မသေချာသေးသောသူ၏အနာဂတ်ကြောင့်ပင်။"အိုးးစိတ်အားထက်သန်နေပါလားကောင်လေးမင်းက..."
ထိုလူကြီးကအိမ်တံခါးပေါက်မှထွက်ခါနီးခြေလှမ်းတွေကိုသူ့ဆီဦးတည်လာပြန်သေးသည်။
"ငွေတွေအမြန်ရနည်းဦးလေးလည်းသိချင်တာပေါ့
3လအတွင်းရနိုင်မဲ့ငွေပေါက်လမ်းလေ"သူ့ကိုပြုံးပြသောထိုလူမျက်လုံးတွေက
သူလုပ်နိုင်မည်မဟုတ်ကြောင်းခန့်မှန်းနေသည့်အနေအထားတွေ။"ဘာဖြစ်ဖြစ်ကျွန်တော်ရအောင်ကြိုးစားမှာ"
သူ၏တိကျသောပြတ်သားသောလေသံနှင့်အတူထိုလူကြီးကိုပြန်ချေပတော့ဟက်ဟက်ပက်ပက်ရယ်မောရင်း
"အိုကေကောင်လေး
စောင့်ကြည့်တာပေါ့မင်းကို
ပြတ်သားနေတဲ့မင်းကိုသိပ်သဘောကျတယ်။
အကူအညီလိုရင်အချိန်မရွေးပြောနိုင်တယ်ကောင်လေး
မင်းလိုကောင်လေးမျိုးဦးလေးတို့လုပ်ငန်းခွင်မှာရှိနေရင်သိပ်ဖြစ်ထွန်းမှာ
ဟားဟားး"***
"ဟေ့လူ"
သူအနောက်ပြန်လှည့်ကြည့်တော့သူ့နောက်ကိုအမှီလိုက်နေရ၍လားမပြောတတ်...မောဟိုက်နေ၍တဟောဟဲဟဲဖြင့်အင်္ကျီလည်ပင်းစကိုမမှီတမှီလာဆွဲသည်
![](https://img.wattpad.com/cover/341446990-288-k674360.jpg)
YOU ARE READING
Would be mine, forever?
Fanfictionpondphuwin fan fic mm_sub {Zawgyi+Unicode} ONGOING... (PAUSED)