chapter_2{Unicode}

1.4K 74 0
                                        

{Unicode}

သူအိမ်ပေါ်ကဆင်းပြီးတဖက်ခြံဘက်ကူးသွားတော့ဒီနေ့မှပြောင်းရွေ့ခဲ့ကြသည့်ပုံပင်။
ပုမှန်နေ့တွေဆိုလျှင်လူမရှိသည့်ထိုအိမ်ကြီးကိုသူအမြဲငေးနေခဲ့ရပါသည်။နောက်ဆုံးတော့လှုပ်လှုပ်ရားရှားလေးတွေဖြင့်ပြန်လည်အသက်ဝင်နေတော့မည်။

"ကျွန်တော်ဘာကူပေးရမလဲခင်ဗျ"

သူလာလာချင်းအိမ်ထဲပြေးဝင်သွားတဲ့ကောင်လေးရဲ့ကျောပြင်ကိုသာမြင်လိုက်ရပါသည်။

"ရပါတယ်သားရဲ့..သားက"

သူကိုအခုမှစတွေ့သည့်အမျိုးသမီးကမေးတော့နောက်ထပ်အိမ်နီးချင်းများဖြစ်လာမည့်နည်းတူပို၍ရင်းနှီးထားရမည်မဟုတ်ပါလား။

"ကျွန်တော်နာမည်က
Pondလို့လည်းခေါ်လို့ရပါတယ်..ဟိုဘက်တိုက်မှာနေတယ်ဗျ။အကူညီလိုမယ်ထင်လို့လာခဲ့လိုက်တာ"

"ကျေးဇူးပါနော်သား..အန်တီတို့ကဒီနေ့မှချင်းမိုင်ကနေပြောင်းခဲ့တာ..ဒီအိမ်ကြီးကလည်းphuwinလေးရဲ့ဖိုးဖိုးအမွေဆိုင်အိမ်လေ...နှစ်တော်တော်ကြာမှပြန်လာနိုင်တာလို့ဘဲပြောရမှာပေါ့"

အဲ့ဒီကောင်လေးနာမည်ကphuwinတဲ့လား
ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲဟင်။

သူကထိုအမျိုးသမီးလက်ထဲကပုံးကို မ,ကူရင်းအတူအိမ်ထဲလိုက်ဝင်သွားတော့~~

ကည့်ပါအုံး
အရင်19 sinceလောက်ကအိမ်အပြင်အဆင်တွေ။ကြမ်းပြင်တွေကသန့်ရှင်းရေးလုပ်ပြီး၍လားမပြောတတ်ပြောင်လက်နေသည်။ခပ်ညှိးညှိးအိမ်နံရံတွေပေါ်ကရုပ်ကြွရုပ်ထုတွေတွေရောပန်းကပ်တွေရော~~တကယ်လှသည်။
ထိုအရာတွေထက်.သူဤအိမ်ကြီးထဲဝင်လာကတည်းနွေးထွေးသောခံစားချက်တချို့ကိုခံစားနေမိသည်။
ပိုပိုပြောရလျှင်မိမိအိမ်ထက်ပို၍ရင်းနှီးနွေးထွေးနေသလိုပင်။

"သား...ဒီမှာချထားလိုက်နော်
ခုနနေphuကနေတဆင့်သားအပေါ်လိုက်ခဲ့လေ
အရင်ကအသုံးဆောင်ဟောင်းကြီးတွေကိုသားစိတ်ဝင်စားရင်ပေါ့"

***********

"မားး..ဘာလို့သူ့ကိုခေါ်လာတာလဲ"

"ဘာဖြစ်လို့လဲ..ဟမ်"

Would  be mine, forever?Where stories live. Discover now