Unicode
မြို့ငယ်လေး၏ဈေးတန်းလေးသည်ဝင်လုနီးနေ၏အလင်းရောင်မှိန်မှိန်ကလေးနှင့်အေးချမ်းဖွယ်ရှိစွာ
အေးဆေးစွာကူးသန်းသွားလာနေတဲ့လူတွေဘယ်ညာရှိတဲ့ဈေးတန်းလေးတွေကြားမှာအေးစိမ့်လှတဲ့မြစ်ကမ်းမှလေကမြို့ငယ်အတွင်းရောက်သည်နှင့်တပြိုင်နက်တည်ငြိမ်ကာနွေးထွေးလာသည်။
ဆည်းဆာညနေချိန်မှာနွေးထွေးတဲ့လေထုနှင့်ဝန်းကျင်ကအကျဉ်းချုပ်မြင်ကြည့်မည်ဆိုလျှင်လွမ်းဆွေးဓာတ်နှောနေသည့်ပန်းချီကားလေးတစ်ချပ်နှင့်တူလှသည်မြတ်နိုးမှုတွေနှင့်တွယ်ယှက်ထားသည့်လက်ကလေးတစ်စုံသည်လူအနည်းငယ်ရှင်းယောင်ရှိသည့်လမ်းကြားကလေးအလွန်တွင်ခေတ္တငြိမ်သက်ကာဆုပ်ထွေးလျက်
ထိုလမ်းကြားလေးကတိတ်ဆိတ်နေပြီးသက်သက်သာသာရှိနေပုံရသည့်တရုတ်ဈေးဆိုင်တန်းကလေးဖြစ်ချေမည်
'ရှု' လက်ဝတ်ရတနာအရောင်းဆိုင်
သူ၏နှုတ်ခမ်းထောင့်မျအပေါ်သို့ခပ်ဖြည်းဖြည်းမြင့်တက်သွားပြီးကိုယ်တိုင်ဆုပ်ကိုင်ထားသောလက်ကလေးကိုဆိုင်ရှေ့ရောက်သည်နှင့်စိတ်လှုပ်ရှားမှုဖြင့်ပက်မထိန်းနိုင်သောကြောင့်ပိုမိုတင်းကြပ်စွာမြဲမြံထားလိုက်မိသည်
တစ်ဖက်ေစာင်းငဲ့ကြည့်တော့ကြည့်မိတဲ့ကိုယ့်ကိုအနည်းငယ်မကြည်သလိုကြည့်လာတဲ့မည်းမှောင်နေတဲ့မျက်နှာကလေးကပြုံးချင်ဖွယ်
အနည်းငယ်စောင်းနေတဲ့ကောင်ကလေးခေါင်းပေါ့်ကဦးထုပ်ကိုတည့်မတ်ပေးပြန်ရင်းဆိုင်ထဲဝင်ရန်ခေါင်းအသာငြိတ်ပြလိုက်သည်
ဆိုင်ထဲကိုဆွဲခေါ်ခဲ့ရင်းဆိုင်ရှင်ကိုတချက်လှမ်းတော့လူကရှိမနေ။အနည်းငယ်ကြာပြီးသူတခေါက်လှမ်းပြန်တော့ဆိုင်အတွင်းထဲမှကပျာကယာထွက်လာသောဆိုင်ရှင်ကသူတို့ကိုမြင်တော့အံ့ဩသွားသောမျက်လုံးကြီးများဖြင့်ကြည့်လာကာပြုံးဖြဲဖြဲနှင့်ထွက်ကြိုလာ၏"အိုး...Mrရောက်နေတာလား
ကျွန်တော်တောင်းပန်ပါတယ်နောက်ကကိစ္စလေးကိုအပြီးသတ်နေတာနဲ့ကြာသွားတာ"ဆိုင်ရှင်ကပြောရင်းဖြင့်ဆိုင်တွင်းသို့ဝင်လာဖို့လက်လှမ်းညွှန်ရင်း
YOU ARE READING
Would be mine, forever?
Fanficpondphuwin fan fic mm_sub {Zawgyi+Unicode} ONGOING... (PAUSED)