chapter_4{Unicode}

413 31 2
                                    

"သားကဒီမိသားစုမှတကယ်အရေးမပါခဲ့ဘူးလား"

သူဖြတ်သန်းခဲ့တဲ့နေ့ရက်တိုင်းကအမြဲလိုလိုရိုးရှင်းနေခဲ့တာလေ၊
ဘာလဲ...သူ့ကိုဘာလို့မသိစေခဲ့ကြတာလဲ၊သူကဒီမိသားစုမှာအရေးမပါခဲ့တဲ့ကလေးသာသာဘဲလား။ဘာမှအသုံးမဝင်ဘူးလို့ဘဲ
သတ်မှတ်ထားကြတာလား။
ကျွန်တော်လည်းယောကျာ်းလေးတယောက်ပါမား၊မားတို့အတွက်အခက်ခဲတွေအဆင်ပြေအောင်အတတ်နိုင်ဆုံးကြိုးစားပေးနိုင်တာပေါ့။
အခုတော့ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့အကြွေးဆိုတာကြီး
တော်ရုံတန်ရုံမဟုတ်ဘဲဒီအိမ်ကြီးပါ ပါလာသည်။

"မား ဘာကြောင့်အကြွေးတွေကဒီလောက်ထိများနေရတာလဲဟင်ပြီးတော့ကျွန်တော်မသိလောက်တဲ့ထိသိုဝှက်လာကြတာ..ဘယ်လောက်ထိအရေးကြီးနေရတာလဲဟင်"

သူ့၏လက်ဖျားအေးအေးနှင့်အမေဖြစ်သူ၏လက်ကိုဆုပ်ကိုင်အမေးကြောင့်မားရဲ့တိုးသက်သောသက်ပြင်းငယ်လေးသဲ့သဲ့ကိုလည်းသူကြားလိုက်ပါသည်။မားပုံစံကအကြွေးကြောင့်ပူလောင်သည်ထက်တစုံတခုသောအကြောင်းအရာကိုဖယ်လျှိုခြင်းကြောင့်ခံစားရသည့်နှယ်။

"သား..မားတခုပြောချင်တယ်..အရာအားလုံးကသားထင်နေခဲ့သလိုချည်းမလွယ်လှဘူး
အခုချိန်မှာသားလုပ်ရမှာကကျောင်းပြီးအောင်တက်ဖို့~~
သားကျောင်းပြီးတာနဲ့အလုပ်ရဖို့အဆင်သင့်
သားသာအလုပ်ရပြီဆိုတာနဲ့မား တို့အကြွေးတွေကလည်းလျော့သွားမယ်ဆိုတာပဲ"

သူကနားမလည်ဟန်နဲ့ မားကိုကြည့်တော့မျက်လုံးစုံမှိတ်ရင်းခေါင်းသာငြိတ်ပြနေရုံမှလွှဲမည်သည့်အဖြေကိုမှမရခဲ့ပေ။
     
                 ****

<ဟေးးဆက်မပြောနဲ့တော့ချိုင့်ပေးပြန်တော့မယ်>

<ရှက်နေတာလား..ဟင်>

မေကြီးကိုဆေးကူလက်စပန်းကန်ကိုဘေစင်ပေါ်ခဏချကာ
ရှက်ရမ်းရမ်းပြီးအကိုက်ခံခဲ့ရတဲ့လက်ညှိုးလေးကိုကြည့်ရင်းသူ့နှုတ်ခမ်းထောင့်တွေကအလိုလိုအပေါ်တက်နေမိတာတဲ့လေ။

<မင်းကခွေးလေးလား>

<ခွေးတော့မဟုတ်ဘူး
ဒါပေမဲ့လူမဟုတ်တဲ့လူကိုတော့ကျွန်တော်ကိုက်တတ်တယ်..အဲ့ဒီလူကခင်ဗျားလေ>

Would  be mine, forever?Where stories live. Discover now