လေလေးတစ်ချွန်ချွန်နဲ့ သားသားနားနားဝတ်စားထားတဲ့
ဂျွန်ဥက္ကဌကြီးရဲ့တစ်ဦးတည်းသော မြေးအလိမ္မာလေးဂျွန်ဂျောင်ကု။အလိမ္မာလေးဆိုတာက တစ်ဖက်လှည့်နဲ့ခပ်ဆိုးဆိုးကလေးတွေအတွက် သီးခြားသတ်မှတ်ပေးထားတဲ့ အပေါ်ယံအလိမ်အညာစကားလေးတစ်ခွန်းဆိုလည်းမမှား။
အဆိုးလေးလို့ပြောရအောင်လည်း ဂျွန်ဂျောင်ကုက ကလေးကလားအရွယ်လည်းမဟုတ် ၊လူပျိုကြီးစာရင်းဝင်ချင်နေပြီဖြစ်တဲ့၂၇နှစ်အရွယ်။အင်း....၂၇နှစ်ကငယ်သေးတယ်ဆိုပေမဲ့ဒီခေတ်ကာလအရတော့ လူပျိုကြီးစာရင်းဝင်နေလေရဲ့။
အသက်ကသာကြီးနေတာ ခုထိအဘိုးလုပ်စာထိုင်စားတုန်း။အဘိုးကလည်း တစ်ဦးတည်းသောမြေးလေးကိုသိပ်အလိုလိုက်သည်။မိတဆိုးဖတဆိုးလေးမို့တစ်ချက်မျက်နှာမငယ်စေရဘူး။လိုချင်ရင်ချက်ချင်း ၊ပါးစပ်လေးဟလိုက်တာနဲ့တင် အော်တိုလက်ထဲရောက်စေတဲ့အဘိုးမျိုး။အဲ့တော့ဂျွန်ဂျောင်ကုတို့ ဆိုးနေတာလေးကဘာပြောကောင်းမလဲ?ဆိုးလို့ရနေတာကိုး။
ဒါပေမဲ့ဂျွန်ဂျောင်ကုက အားနေအရက်သောက်ဖဲရိုက် ၊မူးရူးကွဲပြဲ၊မိန်းမတကာနဲ့ပွေရှုပ်နေသလိုဆိုးတာတော့မဟုတ်။အလုပ်မလုပ်ပဲ အဘိုးလုပ်စာလေးထိုင်စားနေရုံသာ၊ပြီးတော့နည်းနည်းလေးပိုက်ဆံကို မဆိုသလောက်လေး မလိုအပ်တဲ့နေရာတွေမှာသုံးနေရုံပဲ။ဘာတွေသုံးနေလဲဆိုတာတော့ အားလုံးမကြာခင်သိရမှာပါ။
အခုလည်း လေလေးတစ်ချွန်ချွန်၊ပုံမှန်ဝတ်နေကျဂျစ်ပစီဒီဇိုင်းနဲ့ကွဲထွက်နေအောင် ပိုပိုသာသာဝတ်ဆင်ထားကာ all black suit ကြီးနဲ့မို့ အဘိုးဖြစ်သူမှာတအံ့တသြ။ကုမ္ပဏီမှာမြေးလေးကို ရုပ်လုံးလေးပြချင်လို့အတင်းအကျပ်ခေါ်တာတောင် ဂျလေဘီစတိုလ်နဲ့ပဲလိုက်လိုက်လာလို့ နောက်ဆိုမခေါ်ရဲတော့တာ။ခုတော့ ထူးထူးဆန်းဆန်းsuitကြီးနဲ့မို့ ဘာတွေကြံနေပြန်ပြီလဲ?
"ဝလုံးလေးဘယ်သွားမလို့လဲ...ပြောပါဦးအဘိုးကို"
အဘိုးဆီကအခုထိ ဝလုံးလေးလို့ခေါ်သံကြားတာကြောင့်အလိုမကျလို့ ကျုံ့သွားတဲ့မျက်ခုံးတန်းလေးကထင်ရှားစွာပေါ်လာသည်။