"ကိုကို...စိတ်ဆိုးပြေတော့လေ"
"ကိုယ်အခုစကားမပြောချင်သေးဘူး ကလေး"
"ကိုကိုကလည်း"
ထယ်ယောင်း ဂျောင်ကုရုံးခန်းထဲတွင် တကောက်ကောက်လိုက်၍ချော့နေခြင်းဖြစ်သည်။ပဲရစ်ကိုပညာတော်သင်သွားမယ့်ကိစ္စနဲ့ပတ်သက်ပြီး စိတ်ဆိုးနေတဲ့ကိုကိုက သူဘယ်လောက်ချော့ချော့စိတ်ဆိုးမပြေ။
"ပြန်တော့မယ်...နောက်၅ရက်ဆိုကျွန်တော်သွားရတော့မှာ...အဲ့မတိုင်ခင်ထိနေ့တိုင်းလာချော့မယ်...စိတ်ဆိုးမပြေရင်လည်းမသိတော့ဘူး"
ထယ်ယောင်းကပြောပြီး ဂျောင်ကုရုံးခန်းထဲကထွက်သွားသည်။ထွက်သွားတဲ့ထယ်ယောင်းကျောပြင်လေးကိုကြည့်ရင်း ဂျောင်ကုသက်ပျင်းချ၍နတ်ခ်တိုင်ကိုလျော့တိလျော့ရဲဖြစ်အောင်ဆောင့်ဆွဲလိုက်သည်။
ထယ်ယောင်းပညာတော်သင်သွားရမှာက2နှစ်တောင်။သူကဘယ်လိုလုပ်2နှစ်လုံးအဲ့ကောင်လေးနဲ့ခွဲနိုင်မှာလဲ?ကလေးကတော့သူနဲ့ခွဲနိုင်တဲ့ပုံ။လုပ်ချင်တာလုပ်ပြီးမှ အသိပေးရုံပေးလာတာလေ။တစ်ကယ်စိတ်ဆိုးတယ်...ကျန်တဲ့ကိစ္စတွေဆိုအလျော့ပေးနေကျပေမယ့် ဒီကိစ္စကိုတော့သူလုံးဝအလျော့မပေးနိုင်ဘူး။ကိုရီးယားနဲ့ပဲရစ်ကဒီလောက်အဝေးကြီး...သူပေးမသွားနိုင်ပါဘူး။
.
.
."သားကြီး...ငါမှားသွားပြီ!!!"
မနက်အစောကြီးသူ့ဆီလာပြီး အသံပြဲကြီးနဲ့ငိုယိုနေတဲ့ဂျောင်ကုကိုနမ်ဂျွန်နာရင်းအုပ်ချင်တာအတော်ဖြစ်နေပြီဖြစ်၏။
သို့သော်လည်းချစ်သူငယ်ချင်းကြီးမို့ စိတ်ကိုတစ်ထစ်ချရင်းနှစ်သိမ့်ရပေဦးမည်။"ဘာငိုစရာရှိလို့လဲကွာ...2နှစ်တည်းကို"
"ဘာ!!...2နှစ်တည်းဟုတ်လား...မင်းလိုfaကဘာသိမှာလဲ...ငါ့အတွက်တော့2နှစ်ဆိုတာနှစ်ဘဝလောက်ကြာတယ်ကွ!"
နှစ်သိမ့်နေတာတောင် အပြောအဆိုခံနေရတော့နမ်ဂျွန်တင်းပြီလေ။
"အဲ့ဒါဆိုလည်း...ဘာကိစ္စဖင်ယားပြီးမသွားခင်တည့်အောင်မနေလဲ!!"