"ဂုဏ်ယူပါတယ်...ခွဲစိတ်မှုအောင်မြင်ပါတယ်"
ဆရာဝန်ကြီးရဲ့စကားကြောင့် ပျော်ရွှင်သွားတဲ့မျက်နှာကအထင်းသား။
"ကျေးဇူးပါ ဒေါက်တာ...ကျေးဇူးတင်ပါတယ်"
"မခံယူဝံ့ပါဘူး...မစ္စတာဂန်ကိုခွဲစိတ်ခွင့်ရတဲ့အတွက်
ကျွန်တော်တို့ဆေးရုံကတောင်ဂုဏ်ယူရမှာပါ"ဆရာဝန်ကြီးရဲ့ပြောစကားကို ရှေ့ကလူငယ်ကခေါင်းညိတ်ပြပြီး ဘေးမှာရပ်နေတဲ့အတွင်းရေးမှူးချွဲမင်ဟိုကိုမေးဆတ်ပြလိုက်သည်။ဂုဏ်သရေကြီးလှတဲ့ ခွဲစိတ်ဆရာဝန်ကြီးကတောင် စကားကိုနှိမ့်ချပြီးပြောနေရတဲ့အတွက် ထိုလူငယ်ရဲ့အရှိန်အဝါ၊အာဏာနှင့်ကြွယ်ဝချမ်းသာမှုကမည်မျှကြီးမားကြောင်းမမေးရင်တောင် သိနိုင်လေသည်။
"သခင်လေးက ကျေးဇူးတင်လက်ဆောင်ပြင်ဆင်ထားပါတယ်...ရှေ့နေ့နောက်ကိုလိုက်သွားလိုက်ပါ"
ချွဲမင်ဟိုအပြောကို ခေါင်းတညိတ်ညိတ်နဲ့လိုက်သွားတဲ့ဆရာဝန်ကြီးရဲ့ကျောပြင်ကိုကြည့်ပြီး သခင်လေးမဲ့ပြုံးပြုံးလိုက်သည်။လူတွေကပိုက်ဆံဆိုတဲ့အရာနဲ့ဆိုရင် အလိုလိုအောက်ကျို့ပြီးသား။အရမ်းဖွာတတ်တဲ့ပါးစပ်တွေကိုပိတ်ဖို့အတွက် ပိုက်ဆံကကော်လိုပင်အသုံးဝင်သည်။
"ရှေ့အပတ်မှာပဲ အမေနဲ့ကိုရီးယားကိုပြန်မယ်
အားလုံးကိုကြိုစီစဥ်ထား...အလှူရှင်မိသားစုရောဟိုဘက်ကို
သေချာရောက်သွားပြီလား"အလှူရှင်မိသားစုလို့သာ အမည်ခံပေမဲ့ တစ်ကယ်တော့ကိုမာဖြစ်နေတဲ့သမီးရဲ့နှလုံးကိုထုတ်ရောင်းသွားတဲ့လူတစ်စုသည်သာ။
"ရောက်သွားပါပြီ သခင်လေး...ဘာပြဿနာမှမရှိပါဘူး"
"အင်း...ဘေဘီရောဘေးကင်းလား"
သခင်လေးက အီထယ်ဝန်မှာဖြစ်ပျက်သွားတာကိုသိသည်မို့မေးလာသည်။
"ဘေးကင်းပါတယ်...အခုတလောကင်မ်အိမ်တော်မှာနေပြီးအပြင်မထွက်ပါဘူး"
"ဘေဘီကိုစောင့်ကြည့်ဖို့ လူတွေထပ်တိုးထားလိုက်
ဟိုနေ့ညကလို ဘာမဟုတ်တဲ့ပွဲတော်ကြောင့်ဘေဘီထိခိုက်မှာကိုမလိုချင်ဘူး...အရမ်းလည်းမသိသာစေနဲ့...ဘေဘီစိတ်ကျဥ်းကျပ်မှာမလိုချင်ဘူး...နားလည်လား"