"မစားဘူး!!!...ထွက်သွား!!!"
စားစရာလာပို့ပေးတဲ့ကောင်မလေးတစ်ယောက်ကို ထယ်ယောင်းအော်နေတာဖြစ်၏။ဒီနေ့နဲ့ဆို ထယ်ယောင်းဒီအိမ်ကြီးထဲမှာပိတ်မိနေတာ၃ရက်ရှိနေပြီဖြစ်သည်။၃ရက်လုံးလာကျွေးသမျှကိုဘာမှမစားပဲ အော်ထုတ်နေတာခုထိပင်။
လူကအားမရှိပေမဲ့ အသံထွက်အောင်တော့သူအော်ဟစ်ပေါက်ကွဲနိုင်ပါသေးသည်။"သွားလို့ရပြီ"
"ဟုတ်ကဲ့ပါသခင်လေး"
ဆိုးလ်ကိုပြန်သွားတဲ့သခင်လေးက ခုမှပေါ်လာသည်။ထယ်ယောင်းကိုထမင်းဝင်အောင်ကျွေးခိုင်းပေမယ့် လုံးဝကျွေးမရတာကြောင့် အိမ်ဖော်ကောင်မလေးမှာကြောက်ကြောက်နဲ့ပင်ရိုအသေပေးပြီးထွက်သွားသည်။
"ဘေဘီ...ဘာလို့မစားတာလဲ...ဘေဘီကြိုက်တာတွေချည်းပဲလေ"
ထယ်ယောင်း ထယ်အီကိုရွံ့ရှာစွာကြည့်ပြီးမဲ့ရွဲ့ကာမျက်နှာကိုပြတင်းပေါက်သို့မျက်နှာမူလိုက်သည်။၃ရက်အတွင်းမှာထယ်ယောင်းပါးဖောင်းဖောင်းလေးတွေက သိသိသာသာချောင်ကျသွားပြီး မအိပ်ထားတာကြောင့်မျက်တွင်းနှစ်ဖက်ကလည်းဟောက်ပက်နဲ့။အချိန်ပြည့်ငိုထားတာကြောင့် မျက်သားတွေကလည်းနီရဲပြီးမျက်လုံးများလည်းမို့အစ်နေသည်။
"ဘေဘီကြိုက်တဲ့cakeဆိုင်က ကိုယ်စတော်ဘယ်ရီကိတ်ဝယ်လာတယ်...ဒါလေးတော့စားလိုက်ပါ...နော်"
ထယ်အီ ဆိုးလ်ကအပြန်ထယ်ယောင်းကြိုက်တဲ့ကိတ်ဆိုင်ကနေ ဝယ်လာတဲ့စတော်ဘယ်ရီကိတ်မုန့်ပန်းကန်လေးကို ကိုင်ရင်းထယ်ယောင်းနားသို့တိုးသွားလိုက်သည်။
"အနားကိုမလာနဲ့!!!"
"ဘေဘီရယ်...အစားတော့စားရမယ်လေ"
"ခင်ဗျားအိမ်မှာနေပြီးခင်ဗျားကျွေးတာစားမယ်ထင်နေတာလား!!...ကျွန်တော့်ကိုပြန်လွှန်ပေး!!!"
"မလွှတ်ပေးနိုင်ဘူးဘေဘီ...ကိုယ်ကအနားမှာခေါ်ထားချင်လို့တမင်ဒီလိုခေါ်ထားရတာလေ...ဘာလို့ထွက်သွားခွင့်ပေးရမှာလဲဘေဘီရယ်"