"လက်ကိုလွှတ်...ခင်ဗျားဘယ်လိုဖြစ်နေတာလဲ"
"အာ...ကိုယ်ဗိုက်ဆာလို့စိတ်ဆတ်သွားတာ
ထယ်ယောင်းလည်းမစားရသေးဘူးမလား...တစ်ခုခုသွားစားရအောင်လေ""မစားဘူး...အလုပ်တွေရှိသေးတယ်...ခင်ဗျားလိုအားမနေဘူး"
"ကိုယ်လည်းမအားပါဘူး"
"အော်...ဟုတ်လား..အဲ့ဒါဆိုလည်းခွင့်ပြုဦးနော်...ပြန်ပြီ"
သူ့ကိုမဲ့ကာရွဲ့ကာပြောပြီးထွက်သွားတဲ့ ကျောပြင်ပိစိလေးကိုကြည့်ပြီးသူပြုံးမိသည်။ခုနောက်ပိုင်းကင်မ်ထယ်ယောင်းကအရင်လိုသူ့အပေါ်အရမ်းမစိမ်းတော့။ပြောသမျှငြိမ်ခံနေရတဲ့ဘဝကနေ ခုတော့နည်းနည်းစနောက်လို့ရတဲ့အထိအခြေအနေထိတိုးတက်လာပြီဖြစ်သည်။
"ထယ်ယောင်း!!ကိုယ်မေးဖို့မေ့နေတာ..ဟိုနေ့ကမမနဲ့ထည့်ပေးလိုက်တဲ့ သစ်ခွပန်းနဲ့ချောကလက်ကိတ်ကိုသဘောကျတယ်မလား!!"
အိမ်ကလာကြိုတဲ့ကားအဖြူလေးဆီသွားနေတဲ့ထယ်ယောင်းကို သူနောက်ကနေလှမ်းအော်ကာပြောတော့ ခြေလှမ်းတွေရပ်သွားသည်။သူ့ကိုတော့ပြန်လှည့်မကြည့်။ခုလောက်ဆို ကိုယ်သူ့ဆီကလိမ်တာခံလိုက်တာသိသွားလောက်ပြီဆိုပြီးအဲ့ဟာလေးက ရှက်သွားမှာလား?လှောင်နေမှာလား?ဆိုတာက ကျောပြင်ပဲမြင်နေရတော့သေချာမသိ။
"ကောင်းကောင်းစားလိုက်ရတယ်!..ကျေးဇူးပဲ!!"
ထယ်ယောင်း ပြန်ဖြေပြီးပြီးချင်း ခြေလှမ်းတွေကိုခပ်သွက် သွက်အလုပ်ပေးကာ ကားနောက်ခန်းပေါ်တက်ပြီးဦးလေးကြီးကိုအိမ်သို့မောင်းခိုင်းလိုက်သည်။ကားပေါ်ရောက်တဲ့ထိသဘောတကျရယ်နေသေးသည့် ထယ်ယောင်းအပြုံးသေးသေးလေးတွေကိုတော့ ဂျောင်ကုမမြင်လိုက်ရပါ။
မမဆီကတစ်ဆင့်ရတဲ့သစ်ခွပန်းစည်းလေးကတော့ ထယ်ယောင်းအခန်းထောင့်ပန်းအိုးလေးထဲမှာ လှလှပပနေရာယူထားပြီး ၈လက်မချောကလက်ကိတ်ကိုတော့မနေ့ညကထမင်းတောင်မစားပဲ တစ်ယောက်တည်းစားပစ်ခဲ့တာကလည်းထယ်ယောင်းပင်။အစ်မဖြစ်သူ တောင်းစားတာတောင်မကျွေးပဲ ဗိုက်အရမ်းဆာလို့ဆိုတဲ့အကြောင်းပြချက်လေးပြပြီးမကုန်တာကိုတောင် တစ်ထိုင်တည်းထိုင်စားဖြစ်ခဲ့တဲ့လူက ယခုကားနောက်ခန်းကအပြုံးပိုင်ရှင်လေး။
.
.
.
'ဒေါက်...ဒေါက်'