"ဒီတစ်ကွက်လှဲပြီးရင်...နေ့လည်စာစားပါတော့ဒကာလေး"
"တင်ပါ့ဘုန်းဘုန်း"
ဘုန်းကြီးကျောင်းက ဘုန်းကြီးအုန်းမောင်းခေါက်သံကသူ့ရင်ကိုအေးချမ်းစေလိုက်တာ။ဒီလိုအေးချမ်းမယ်မှန်းသိရင် စောစောရောက်လာပါတယ်။ကင်မ်ဆော့ဂျင်ဆိုတဲ့လူသားပေးတဲ့ဒဏ်ရာတွေကို ဘုန်းကြီးကျောင်းမှာဖြေဖျောက်ပစ်မယ်။ဒီမှာတစ်ပတ်လောက်လာနေတာတောင် ဒီလောက်အေးချမ်းနေတာ တစ်သက်လုံးသာနေလိုက်ရင်သူတော့သေရင်နိဗ္ဗာန်ရောက်မှာသေချာတယ်။
သူဘုန်းကြီးဝတ်လိုက်သင့်လား???
နမ်ဂျွန်ဘုန်းကြီးကျောင်းမျက်နှာစာကို တံမြက်စည်းလှဲပြီးတော့ နေ့လည်စာစားရန်ထမင်းစားဆောင်သို့ထွက်လာခဲ့သည်။ဂျောင်ကုမင်္ဂလာပွဲပြီးတည်းက တောက်လျှောက်အရက်တွေသောက်ပြီးအချိန်ပြည့်မူးရူးနေတဲ့သူ့ကိုမားက စိတ်ပြန်ငြိမ်အောင်ဘုန်းကြီးကျောင်းပို့လိုက်သည်။
မကောင်းကျောင်းပို့လို့ပြောရင်ပိုမှန်မလား?
စရောက်လာတဲ့နေ့တည်းက ကျောင်းကဘုန်းကြီးတွေရဲ့အလုပ်တွေကူလုပ်ရင်း တရားလည်းထိုင်၊တံမြက်စည်းလည်းလှဲ၊တောင်တက်နဲ့ဆိုတော့စိတ်ငြိမ်သွားတာတော့အမှန်။အနည်းဆုံးတော့ သူကင်မ်ဆော့ဂျင်ကိုမေ့ထားလို့ရတယ်လေ။ဘုန်းကြီးကျောင်းမို့ နှစ်နပ်စာလုံးသက်သက်လွတ်ပဲစားရတယ်။ညစာကတော့ဥပုသ်မစောင့်ချင်လည်းစောင့်ရတယ်။တစ်ပတ်အတွင်းမှာသူအတော်တော့နေသားကျနေပြီ။မနက်ဆိုစောစောထပြီးတောင်ပေါ်ဘုရားကျောင်းထိတက်တယ်။ဘုန်းကြီးကျောင်းဝင်းထဲတံမြက်စည်းလှဲတယ်။အမှိုက်တွေမီးရှို့တယ်။SNSလည်းမသုံးတော့ပဲ လောကကြီးနဲ့အဆက်သွယ်ပြတ်အောင်ဖုန်းပိတ်ထားတယ်။မားနဲ့ပါးကသူရောက်ပြီးသုံးရက်နေ့မှာလာတွေ့ပြီးစိတ်ပျော်သလောက်နေလို့မှာသွားတယ်။မားတို့ကပြန်မလာလေပိုကောင်းလေပဲတဲ့။ပျင်းတဲ့အချိန်တွေဆိုကျောင်းထိုင်ဘုန်းကြီးမွေးထားတဲ့ ခိုဆွန်းဆိုတဲ့ခွေးလေးနဲ့ပတ်ဆော့တယ်။နေ့လည်ဘက်ဆို ကိုရင်လေးတွေကိုအင်္ဂလိပ်စာသင်ပေးတယ်။