"ဘာ!!!"
ထယ်ယောင်း ဂျောင်ကုရဲ့ဖြစ်ပျက်နေတဲ့မျက်နှာကြီးကို တစိမ့်စိမ့်ကြည့်နေရင်း အောက်နှုတ်ခမ်းကိုကိုက်ကာဝမ်းသာနေသည်။ဘာကြောင့်မှန်းရယ်မသိ ဂျောင်ကုကိုဒီလိုအနိုင်ကျင့်ရတိုင်း သူအရမ်းပျော်သည်။အရင်တုန်းကပျင်းဖို့ကောင်းခဲ့သလောက် ဂျွန်ဂျောင်ကုဆိုတဲ့လူသား သူ့နေ့ရက်တွေထဲဝင်လာပြီးကတည်းက စိုစိုပြေပြေလေးဖြစ်လာသည်။အဲ့လူနဲ့တွေ့တိုင်း ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာတွေးရတာကိုကပင် သူအရမ်းကြိုက်တဲ့သင်္ချာပုစ္ဆာတွေကိုဖြေရှင်းရသလိုပျော်လာသည်။
"ခင်ဗျားနေရမယ့်အခန်းကိုမှတ်မိတယ်မလား...ကျွန်တော်စာသွားလုပ်တော့မယ်...တစ်အိမ်လုံးကမီးတွေလိုက်ထွန်းလိုက်ဦးနော်...ဒီညတော့ညစာကိုမှာပြီးပဲစားကြတာပေါ့"
"အင်း...အင်းပါ"
ထယ်ယောင်း ဂျောင်ကုကိုပြုံးပြုံးလေးပြောနေပေမယ့် ဂျောင်ကုက သူ့ကိုထယ်ယောင်းရွဲ့ပြောနေမှန်းချက်ချင်းသိသည်။ဂျောင်ကု့ကတော့ အခုတည်းကလက်မှိုင်ချနေပြီဖြစ်သည်။ကျန်တဲ့4ရက်ကို သူဘယ်လိုများသည်းခံရမလဲဆိုပြီး ခေါင်းမှာရှိသမျှဆံပင်မွှေးတွေဖြူတော့မတတ် စဥ်းစားရင်းအထုပ်2ထုပ်နဲ့သာ အိမ်အပေါက်ဝ၌ကျန်ခဲ့သည်။ထယ်ယောင်းကတော့ ပြုံးပြုံးပျော်ပျော်ပ င်အပေါ်ထပ်ကသူ့အခန်းဆီသွားနှင့်ပြီဖြစ်သည်။
"ဟူး...ငါဘယ်လိုများသည်းခံရမှာလဲ...မမကိုလက်လျော့လိုက်ရတော့မလား...အား!...ဂျွန်ဂျောင်ကု...မင်းရူးနေလား...အဲ့ဟာလေးကြောင့် မမကိုလက်လျော့လိုက်ရင်မမနဲ့ဝေးသွားမှာပေါ့...မမကငါနဲ့ပဲတန်တာ...ဟိုဟာလေးကိုလုံးဝအရှုံးမပေးနဲ့...မင်းလုပ်နိုင်ပါတယ် ဂျွန်ဂျောင်ကုရာ"
ဂျောင်ကုသူ့ဘာသာ တစ်ယောက်တည်းအားပေးစကားပြောရင်း လက်ကအထုပ်လေး2ထုပ်ကိုဆွဲကာ ထယ်ယောင်းနေ့လည်က ပြထားတဲ့အခန်းထဲသို့တက်လာလိုက်သည်။အခန်းက ဧည့်သည်တွေလာတိုင်းထားနေကျအခန်းလိုဖြစ်ပြီး ပရိဘောဂတွေအိပ်ယာခင်းတွေကပါ အဖြူရောင်တွေချည်းဖြစ်သည်။ဂျောင်ကုအထုပ်တွေချရင်း အိပ်ယာပေါ်ခဏလှဲလိုက်သည်။ညစာစားချိန်ပြန်တွေ့ရမယ့်ထယ်ယောင်းနဲ့ မတွေ့ခင်လေးအားယူနေတာဖြစ်သည်။ပြီးတာနဲ့ ရေချိုးပြီး လန်းဆန်းအောင်လုပ်လိုက်သည်။ဂျောင်ကုမှာ သူ့အိမ်မဟုတ်တဲ့အပြင် အသုံးအဆောင်တွေကအစ ရှေးခေတ်ဒီဇိုင်းတွေမို့ ကြောက်နေရပြန်သည်။ဂျောင်ကုက ရှေးခေတ်ပုံစံအဆောက်အအုံတွေတွေ့တာနဲ့ ထိုနေရာမှာသရဲရှိသည်ဟု ကလေးဆန်ဆန်တွေးတတ်သူဖြစ်တာကြောင့် အခုထယ်ယောင်းအိမ်ကိုလည်း မသိစိတ်တစ်မျိုးသိစိတ်ကတစ်ဖုံနဲ့ ကြောက်လန့်နေတာဖြစ်သည်။