"ဒါတွေကရှေ့နှစ်ကစာရင်းအနှစ်ချုပ်တွေပါ ဥက္ကဌလေး
မသိတာရှိရင် ကျွန်တော့်ကိုမေးပါ...သိသလောက်ပြောပြပေးပါ့မယ်""ကျေးဇူးပဲ အတွင်းရေးမှူးလီ...ကျွန်တော်မသိရင်လှမ်းခေါ်လိုက်ပါ့မယ်"
အတွင်းရေးမှူးလီ ဂျောင်ကု့ကိုခါးကိုင်းကာအရိုအသေပေးပြီးရုံးခန်းထဲကနေထွက်လာခဲ့သည်။
ဂျောင်ကုကအခုတလော ထယ်ယောင်းရဲ့ဆုံးမမှုကြောင့်ကုမ္ပဏီကအဘိုးနေရာတွင်အလုပ်တွေစတင်လေ့လာနေပြီဖြစ်သည်။၂၇နှစ်လုံးအဘိုးလုပ်စာပဲ ထိုင်စားလာတာကြောင့် အလုပ်ဆိုဘယ်ကနေစလုပ်ရမှန်းမသိပေမယ့်ထယ်ယောင်းက 'ခင်ဗျားအဘိုးကအသက်ကြီးနေပြီ ခုထိအလုပ်လုပ်ခိုင်းမလို့လား ပြန်သိတတ်ရမှာပေါ့...ပြီးတော့ခင်ဗျားမှာအလုပ်အကိုင်အတိအကျမရှိရင် ကျွန်တော်ကမယူဘူး...ဘာမှတ်လဲ' လို့ခြိမ်းခြောက်လိုက်မှုကြောင့် ချက်ချင်းကိုညတွင်းချင်းအဘိုးကိုအလုပ်လုပ်ချင်ပြီဟုပြောပြီးစီစဥ်ခိုင်းလိုက်ရသည်။အဘိုးကတော့ လောလွန်းနေတဲ့သူ့ကိုအမြင်ကပ်သည်ဆိုပြီးခေါင်းကိုတောင်ခေါက်လိုက်သေးသည်။ကိုယ့်အဘိုးပြောတုန်းကတော့ နေ့ရွှေ့ညရွှေ့နဲ့ ချစ်သူပြောတော့ချက်ချင်းဆိုပြီးစနောက်ရင်းခေါင်းကိုခေါက်တာ...တူမှမတူတာအဘိုးရယ်...ဟိုဟာလေးကသူ့စကားနားထောင်မှ မဟုတ်ရင်စိတ်ကောက်ပြီးသူ့ကိုပစ်ထားမှာ။ခုဆိုအဘိုးကကုမ္ပဏီကိုအရေးကြီးကိစ္စရှိမှသာ လာပြီးceoနေရာကိုလည်း ဂျောင်ကု့ကိုယာယီလွှဲထားသည်။ရှယ်ယာရှင်တွေကသဘောမကျပေမယ့်လုပ်ငန်းစုကြီးတစ်ခုလုံးရဲ့ ရှယ်ယာ၈၀ရာခိုင်နှုန်းလောက်ကို အဘိုးဖြစ်သူကဂျောင်ကုနာမည်နဲ့ပဲဝင်ထားတာမို့ တစ်ခွန်းမဟရဲကြ။ဟကြရင် လမ်းဘေးရောက်သွားမယ်ဆိုတာ အကုန်လုံးအလိုလိုသိကြသည်။
လုံးဝမရင်းနီးတဲ့အလုပ်တွေကို ခုမှစကိုင်တွယ်ရတာကြောင့်သူ့အတွက်ခက်လွန်းလှသည်။သို့သော် စားပွဲပေါ်၌ထောင်ထားသော လေးထောင့်ဆန်ဆန်အပြုံးပိုင်ရှင်လေးရဲ့ဓါတ်ပုံကိုမြင်တာနဲ့ ကြိုးစားချင်စိတ်တွေကတဖွားဖွား။အလုပ်တွေကြိုးစားပြီး သူ့ချစ်သူလေးကိုတင့်တောင်းတင့်တယ်ထားဦးမှာ။ကုမ္ပဏီမှာ ဝန်ထမ်းများနည်းတူမနက်၉နာရီကနေ ညနေ၅နာရီထိအလုပ်ဝင်နေရတာကြောင့် ထယ်ယောင်းကိုအရင်ကလောက်တော့အချိန်မပေးနိုင်တော့။ထယ်ယောင်းကလည်း သိတတ်စွာဘာမှဂျီမကျ။တစ်ခါတစ်လေဆို ထမင်းဗူးလေးနဲ့တောင်ရောက်လာပြီးနေ့လည်စာကိုတူတူစားပေးသေးတာ။တစ်ကယ်နားလည်ပေးတတ်တဲ့ချစ်သူလေးကိုရထားတာမို့ တစ်လောကလုံးကရှိသမျှဘုရားတွေကိုကျေးဇူးတွေတင်ရတာနေ့တိုင်းပင်။