'ဗွီ...ဗွီ...ဗွီ'
တရစပ်အသံမြည်နေတဲ့ ဖုန်းကကုတင်ဘေးရှိ ခုံပေါ်မှဖြစ်
သည်။ဂျောင်ကုက ရေချိုးနေတာကြောင့် ဖုန်းvibrateသံကိုမကြားရပါ။ဖုန်းကတောက်လျှောက်ဆက်မြည်နေသည်။
ဂျောင်ကု သဘတ်ပဲပတ်ကာ ရေချိုးခန်းထဲကထွက်လာတော့ တဗွီဗွီအသံနှင့်လင်းနေတဲ့ဖုန်းကြောင့် ခန္ဓါကိုယ်ရှိတင်ကျန်နေသော ရေတောင်မသုတ်အားပဲပြေးကိုင်ရတော့သည်။ဆက်လာသူကတော့ နမ်ဂျွန်ဖြစ်သည်။'ဘာလို့ခုမှလာကိုင်တာလဲ...သေမယ့်အရေးဆို ငါသေနေပြီသူတောင်းစားရဲ့'
ဖုန်းကိုင်ကိုင်ချင်းမှာပဲ စကြားရတဲ့ဆဲရေးတိုင်းထွာသံကြောင့် ဂျောင်ကုမျက်မှောင်ကုပ်ကာသက်ပျင်းချမိသည်။
"အခုမသေသေးဘူးမလား...ဘာကိစ္စလဲ သားကြီး"
သူပြန်ပြောတော့ နမ်ဂျွန့်ဘက်မှထပ်ပြီးဆဲဆိုလာတော့သည်။အရမ်းအဆဲသန်တဲ့ကောင်။
'ဒီနေ့ ဟိုကောင်တွေနဲ့ချိန်းထားတယ်...သွားရအောင်...ငါတို့လက်ရည်ကို အဲ့ကောင်တွေကလျော့တွက်နေတာ...သွားပြီးပညာပေးရအောင်သားကြီး'
နမ်ဂျွန့်ဘက်ကအားတက်သရောပင် သူ့ကိုဖိတ်ခေါ်လာသည်။သူလည်းသွားချင်ပါသည်။အခုတလော လီဟန်မင်းတို့ဘက်က ခဏခဏစိန်ခေါ်နေတာ သူသိသည်။ဒါပေမယ့်
လည်း သွားလို့မရတာမို့ နမ်ဂျွန့်ကိုဘယ်လိုပြောရပါ့မလဲ?'ဂျောင်ကု...မင်းဘာတွေ တွေဝေနေတာလဲ...သွားမယ်မလား...ငါလာခေါ်မယ်...မနေ့ကမှ မာမီ့ဆီကရထားတဲ့lambo အသစ်စက်စက်လေးနဲ့ လာခေါ်မယ်...ဟဲဟဲ'
ကြွားလုံးထုတ်နေတဲ့ နမ်ဂျွန်ကသူ့ကားအသစ်နဲ့ ဟိုကောင်
တွေကို သွားရှုပ်ဦးမည်။ကြွားကလည်းကြွားသေး။ငယ်ငယ်တည်းကတော်တော်ကြွားတဲ့ကောင်က ခုထိဗီဇမပျောက်။"သားကြီး...ဟိုလေ...ငါလာလို့မရဘူးကွ...ငါ...ငါထယ်ယောင်းကို သွားကြိုရမှာ"
'ဘာ!!..ဘယ်ကထယ်ယောင်းလဲ...မင်းဆော်လား...ပြောတော့မမဆို'
အော်လိုက်တာ သူ့ရဲ့နားစည်တောင်ကွဲထွက်မတတ်ပင်။
မေ့နေတာ...နမ်ဂျွန်မှထယ်ယောင်းကိုမသိပဲ။မသိလည်း ရှင်းပြဖို့အချိန်မရှိတော့ဘူး။အခုတောင်8ခွဲတော့မယ်။မြန်မြန်လစ်မှ တော်ကာကျမည်။