လေ့လာရေးခရီးမှာ လိုက်ပါလာသူအားလုံးကို တည်းခိုဆောင်အသီးသီးတွင်ချအပြီးမှာတော့ ညတောင်ရောက်နေပြီဖြစ်သည်။ဒီနေ့ညကတော့ အားလုံးပင်ပန်းနေတာကြောင့် ကိုယ်တိုင်ချက်မစားကြပဲ campမှပြင်ဆင်ပေးသောအစားအစာများကိုသာ စားကြမှာဖြစ်သည်။နောက်ရက်တွေတော့ အထည်စက်ရုံတွေကိုလည်ပတ်ပြီး ညနေမှာတော့
ကျောင်းသားတွေကိုယ်တိုင် ချက်ပြုတ်စားသောက်ရမည်။ကျောင်းသားတွေအချင်းချင်း ချစ်ခင်ရင်းနီးမှုရစေရန်နှင့်အဖွဲ့လိုက်လုပ်ဆောင်ချက်တွေတွင် နေသားကျစေရန်ရည်ရွယ်၍ ဆရာများကစီစဥ်ထားခြင်းဖြစ်သည်။ညစာစားချိန်ရောက်တော့ ထမင်းစားခန်း၌ အားလုံးတူတူစားကြသည်။ဂျောင်ကုနှင့်နမ်ဂျွန်ကတော့ ဒေသထွက်အစားအစာတွေကိုတစ်ခါမှမစားဖူးသဖြင့် အကြိုက်တွေ့ကာ စိတ်ကြိုက်စားသောက်နေတော့သည်။ထယ်ယောင်းကတော့ သင့်တင့်ရုံသာစားသည်။ကျောင်းသူလေးတွေကထမင်းမစားပဲ ကိုယ်လူချောသုံးယောက်ကိုသာ တူလေးတွေကိုင်၍ငေးကြည့်နေကြသည်။
ချောချောလေးသုံးယောက်ကိုကြည့်နေရတာနဲ့တင် ဗိုက်ပြည့်နေတာမို့ ထမင်းဆိုတာအရေးမပါတော့ချေ။တစ်သက်လုံးစားလာတဲ့ထမင်းကို ခုတော့မျက်နှာလွှဲခဲပြစ်လုပ်ကြသည်။
"ထင်တောင်မထင်ထားဘူး...တော်တော်စားကောင်းတာပဲ ဂျောင်ကု"
နမ်ဂျွန့်အပြောကို ဂျောင်ကုကလက်မထောင်ပြ၍ ထောက်ခံသည်။ပါးစပ်ထဲတွင်စားစရာအပြည့်နှင့်မို့ စကားပြောလို့မရတာမို့ပင်။ထယ်ယောင်းကတော့ အိေန္ဒြပျက်အောင်စားသောက်နေတဲ့ ဂျောင်ကုနဲ့နမ်ဂျွန်ကို အထင်သေးသောမျက်လုံးများနှင့်သာ လက်ပိုက်၍ကြည့်နေသည်။
ဂျောင်ကုတို့ကတော့ ထယ်ယောင်းမျက်လုံးများကိုမတွေ့။
စားသောက်ရင်းသာအလုပ်ရှုပ်နေကြသည်။စားပြီးပြန်လာတော့ ထယ်ယောင်းကဦးစွာ ရေချိုးရန်ပြင်သည်။ဂျောင်ကုကတော့ ထယ်ယောင်းပြီးတာနဲ့ရေချိုးရန်ထိုင်စောင့်နေသည်။သူတို့အခန်းထဲတွင် ရေချိုးခန်းအိမ်သာကတွဲလျက်တစ်ခုပဲရှိတာကြောင့် တစ်ယောက်ပြီးမှတစ်ယောက်အလှည့်ကျပင်။