'အား!!!!'
"ထယ်ယောင်း!"
ထယ်ယောင်းမျက်နှာနဲ့အင်ကျီပေါ်လာစင်တဲ့သွေးစက်တွေနဲ့ မျက်စိရှေ့မှာတင်စက္ကန့်မခြားလဲကျသွားတဲ့ခန္ဓါကိုယ်နှစ်ခုကြောင့် ထယ်ယောင်းသွေးလန့်ကာအသံကုန်ခြစ်အော်မိပြီးမေ့မျောသွားတော့သည်။
လဲကျသွားတဲ့ထယ်ယောင်းကိုယ်လေးကိုအမြန်ဖမ်းရင်း ဂျောင်ကုပွေ့ဖက်ထားရသည်။အခုလေးတင်သူ့မျက်စိရှေ့မှာဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေက သူ့ကိုလည်းအတော်ထိတ်လန့်သွားစေတာပင်။သူသာမက မတ်တပ်ရပ်နေတဲ့ဝတ်ဆုံမဲနဲ့ဂန်ထယ်အီရဲ့လူတွေ၊ရဲအရာရှိတွေအပါအဝင်အားလုံးပင် ကြောင်ပြီးရပ်ကြည့်နေမိကြသည်။ဘယ်သူမှမထင်မှတ်ထားတဲ့အဖြစ်အပျက်ကြီးမလား။
ဂန်အိမ်တော်တစ်ခုလုံးကိုဆွဲချမယ့်အပြစ်တွေကိုဂန်ထယ်အီကဒီလိုအဆုံးသတ်ပေးသွားခဲ့သည်။
ထိုသတင်းတွေကတောင်ကိုရီးယားတစ်ခွင်လုံးကသတင်းတွေ ဆိုရှယ်မီဒီယာပေ့ချ်တွေမှာတခဏချင်းပြန့်နှံ့သွားပြီးတစ်ကမ္ဘာလုံးကိုပါတုန်လှုပ်စေခဲ့သည့်သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ဝန်ကြီးချုပ်ဂန်ဟာရွေးကောက်ပွဲကနေနှုတ်ထွက်ခဲ့ပြီး သားဖြစ်သူဂန်ထယ်အီရဲ့အပြစ်တွေကိုယ်စား ပြည်သူ့လူထုကိုတောင်းပန်ခဲ့သည်။သားဖြစ်သူလုပ်ရက်ကိုပြည်သူတွေကမနှစ်မြိုပေမယ့် ဝန်ကြီးချုပ်ဂန်ဟာတာဝန်ထမ်းဆောင်စဥ်ကာလတစ်လျှောက်လုံးရိုးသားဖြောင့်မတ်ပြီး ပိုမိုတိုးတက်အောင်အခွင့်အလမ်းတွေပြုလုပ်ပေးနိုင်ခဲ့တာကြောင့် ပြည်သူတွေကချစ်ခင်လေးစားပြီးအပြစ်မတင်ကြပဲ သားဖြစ်သူကိုသာမုန်းတီးခဲ့ကြသည်။ကံမကောင်းစွာနဲ့ ဂန်ထယ်အီရဲ့ချစ်လှစွာသောအမေဟာ သားဖြစ်သူရဲ့သတင်းကြောင့်ပဲအစားထိုးထားသောနှလုံးမှာရုတ်တရက် ရပ်ပြီးဆုံးပါးသွားခဲ့ရသည်။ထိုအမှုကြောင့်ပဲ ဂန်အိမ်တော်တစ်ခုလုံးကိုရီးယားကနေ ကနေဒါကိုအပြီးပြောင်းသွားခဲ့ပြီးဒီသတင်းဟာလည်းတစ်စစနဲ့ပျောက်ကွယ်သွားတော့သည်။