"ဝန်ကြီးချုပ်ဂန်ရဲ့သားဖြစ်သူဂန်ထယ်အီဟာ အမည်လွဲAဆိုသူကိုဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ဆိုးလ်ရဲဌာနဥက္ကဌဆောင်းဂျယ်မင်းမှ ထုတ်ဖော်ပြောကြားလာပါတယ်...ဝန်ကြီးချုပ်ကတော့ဒီကိစ္စဟာမမှန်ကန်ကြောင်းအတိအလင်းငြင်းဆိုထားပြီး ဒါတွေဟာမဲဆွယ်ကာလမှာသူ့ကိုချောက်ချတာဖြစ်နိုင်ပါတယ်လို့ပြောကြားလာပါတယ်...သားငယ်ဖြစ်သူဂန်ထယ်အီကလည်းယခုနာမကျန်းဖြစ်နေသူမိခင်နှင့်အတူ ကနေဒါမှာခေတ္တအနားယူနေတယ်လို့ထုတ်ဖော်ပြောကြားလာပါတယ်...လူထုကတော့တစ်ဖက်ကအဖမ်းခံရတဲ့ အမည်လွဲAအပေါ်စိတ်ဝင်စားမှုမြင့်တက်နေပြီး...ရဲဌာနချုပ်ဥက္ကဌကိုယ်တိုင်ကအမှုဖွင့်ထားတဲ့အတွက် ဒါဟာအမှန်တရားဖြစ်နိုင်တယ်လို့ကောက်ချက်ချနေကြပါတယ်...ဝန်ကြီးချုပ်ရဲ့သားဂန်ထယ်အီဟာ ယခုနောက်ပိုင်းမဲဆွယ်ပွဲတွေမှာအတူပါဝင်လာတာကိုမတွေ့ရတာကြောင့် ပြည်သူလူထုကပိုသံသယဝင်နေကြပါတယ်...တစ်ချို့ကလည်းဆိုးလ်ရဲဌာနဥက္ကဌဆောင်းဂျယ်မင်းဟာ ဝန်ကြီးချုပ်နေရာအတွက်ဝင်ပြိုင်မည်ဖြစ်တာကြောင့် တမင်အပုပ်ချတာလို့လည်းပြောဆိုနေကြပါတယ်...ဘယ်လိုပဲဖြစ်ဖြစ်ဂန်နမ်ရဲစခန်းကတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က လူပျောက်တိုင်ကြားမှုကိုလက်ခံရရှိထားပြီး ထိုအမှုဟာလည်း A ဖြစ်သည်ဟုဖော်ပြတားတာမို့ ဒီသတင်းကလက်ရှိမှာလူထု့ဆီကစိတ်ဝင်စားမှုအများဆုံးသတင်းတစ်ခုအဖြစ်ရပ်တည်နေပါတယ်...နောက်ဆုံးရသတင်းတွေကိုအမှန်ကန်ဆုံးတင်ဆက်ပေးနေတဲ့ပြည်သူ့အသံNHKသတင်းဌာနကနေဖော်ပြလိုက်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ထယ်အီ ဝီစကီခွက်ကိုလှည့်ရင်းနှုတ်ခမ်းတွေကိုမဲ့ကာ သတင်းဆုံးတဲ့အထိကြည့်နေလိုက်သည်။သူ့လက်ချက်ဆိုတာကိုအတိအလင်းဖော်ပြထားကတည်းက ဒါဟာဂျွန်ဂျောင်ကု့လက်ချက်ကလွဲပြီးမဖြစ်နိုင်။အဖေကတော့သူ့ကိုမတိုင်ပင်ရကောင်းလားဆိုပြီး သူ့ကိုသတ်တော့မှာအသေအချာပေါ့။အရူးလိုလုပ်ချင်တာလုပ်ခဲ့ပြီးမှတော့ သူကပြန်လှည့်မယ်ထင်လား...အဆုံးထိဆက်လျှောက်မှာ...ထယ်ယောင်းလက်ကိုဆွဲပြီးအဆုံးထိဆက်လျှောက်မှာ။