"ဘေဘီ...ကိုယ့်ကိုမမှတ်မိဘူးလား"
"ဂန်ထယ်အီ!!"
ထယ်ယောင်းနောက်ပြန်လှည့်ကြည့်စရာမလိုပဲသိသည်။သူ့ကို 'ဘေဘီ'ဟုခေါ်တတ်တဲ့လူကတစ်ယောက်တည်းရှိသည်။အဲ့ဒါဂန်ထယ်အီဆိုတဲ့လူပင်။တောင်ကိုရီးယားရဲ့မျိုးရိုးစဥ်ဆက်ချမ်းသာတဲ့မိသားစုကနေဆင်းသက်လာပြီး ယခုမျိုးဆက်ရဲ့အငယ်ဆုံးသားလည်းဖြစ်သည်။အဖေကလက်ရှိတောင်ကိုရီးယားရဲ့ဝန်ကြီးချုပ်မို့ အာဏာရောအရှိန်အဝါပါကြီးမားသည်။ဥစ္စာပေါရုပ်ချောမို့ မိန်းကလေးတွေဝိုင်းဝိုင်းလည်နေသည့်တိုင် မမ့ကိုသဘောကျသည်ဆို၍သူ့ထံချဥ်းကပ်လာခဲ့သည်။နောက်မှသိရတာက မမ့ကိုသဘောကျခြင်းမဟုတ်ပဲ သူ့ကိုသဘောကျနေသည်ဆိုသောကြောင့် ထိုလူ့ကိုသူ့အနားမှမောင်းထုတ်ခဲ့သည်။မောင်းထုတ်ခဲ့သော်လည်း အနားမှာအမြဲလိုလိုရှိတတ်ရာကနေ ရုတ်တရက်ကြီးပေါ်မလာတော့တာကြောင့် စိတ်အေးသွားရပေမယ့် ခုတော့သူ့ရှေ့ပြန်ပေါ်လာခဲ့သည်။သူ့ကိုပြန်ချစ်ပေးဖို့ပဲအမြဲတောင်းဆိုလေ့ရှိတဲ့ ဂန်ထယ်အီကထိုစကားမှလွဲ၍ကျန်တာ နှောင့်ယှက်တာတော့မရှိ။သို့သော် သူ့အနားမှာမရှိစေချင်တာတော့အမှန်ပေ။
"ဘေဘီ"
နောက်တစ်ကြိမ်ထပ်ခေါ်လာပြန်သည်။
"သွားရအောင်.."
ထယ်ယောင်းဂျောင်ကု့လက်ကိုအတင်းဆွဲ၍ ခပ်မြန်မြန်လမ်းလျှောက်သည်။ဂျောင်ကုက ထယ်ယောင်းပါးစပ်ကထွက်သွားတဲ့ ဂန်ထယ်အီ ဆိုတဲ့နာမည်ကိုမေးချင်ပေမယ့်
အလောကြီးတဲ့ပုံစံကြောင့်မေးခွင့်မရ။"ဘာလို့လဲ ထယ်ယောင်း...တိုက်ကားစီးမယ်ဆို"
"မစီးတော့ဘူး...အိမ်ပြန်ချင်တယ်"
ထယ်ယောင်းစကားကြောင့် ဘာမှထပ်မပြောနေတော့ပဲ ကားပါကင်သို့သွားပြီး အိမ်သို့ပြန်မောင်းပို့ရသည်။အလာတစ်လမ်းလုံးပွစိပွစိ ပြောခဲ့တဲ့ဟာလေးကအပြန်တစ်လမ်းလုံးကျတိတ်နေတာကြောင့် သူ့မှာစိုးရိမ်ရပြန်သည်။