"အဲ့လိုနဲ့ပဲ...မင်းကမမခိုင်းတဲ့အတိုင်း ယောက်ဖလေးဆီသွားနေရတာပေါ့"
"အဲ့လိုဖြစ်သွားတယ်ကွာ"
"ဒါနဲ့...နေပါဦး...မင်းကမင်းယောက်ဖဆီသွားတာကို...ဘာလို့ဒီလိုတွေဝတ်စားသွားတာလဲ"
နမ်ဂျွန့်အမေးကို ဂျောင်ကုက တော်တော်တုံးပါလားဆိုတဲ့အကြည့်နဲ့ကြည့်ပြီး
"ငါကမင်းဆီလာသလို ဝတ်စားသွားရင်...ငါ့ကိုဘယ်လိုမြင်မလဲ...first imflationက အရေးကြီးတယ်လေကွာ"
ဂျောင်ကုပြောလာတဲ့ သောက်တစ်လွဲကြီးအမှားကြီးကြောင့် နမ်ဂျွန့်မျက်ခုံးနဲ့နှုတ်ခမ်းတွေတွန့်ချိုးသွားကာ ဂျောင်ကုပုခုံးကိုလှမ်းရိုက်တော့သည်။
"first impression ပါကွာ...သေချာပြန်ပြင်ပြော"
အား...နာလိုက်တာ။ဒါလေးမှားတာကိုသေအောင်ရိုက်တဲ့ကောင် ။ englishစာလေးမှားတာနဲ့ လူ့ကိုအထင်သေးတဲ့မျက်လုံးကြီးနဲ့ကြည့်...ပြီးရင် english ပါမောက္ခကြီးလိုလို mood ဝင်ပြီးလိုက်ပြင်တဲ့ကောင်။ဘာကောင်မှန်းမသိဘူး။
အရင်ဘဝတွေတုန်းက ကိုလိုနီဖြစ်ခဲ့ပုံရတယ်။"အေးပါကွာ...ဖက်စ်အင်ပရက်ရှင်!!...ရပြီလား"
"အား!!...တံတွေးတွေလာစင်တယ်...သူတောင်းစားရဲ့...Fuck!!!"
နမ်ဂျွန့်ဆဲသံလေးက နားထောင်လို့သိပ်ကောင်း။သူ့အချစ်ဆုံးသူငယ်ချင်းဆိုလို့ နမ်ဂျွန်တစ်ယောက်တည်းရှိတာမို့ နှစ်ယောက်လုံးက ပြောမနာဆိုမနာတွေဖြစ်ကြသည်။သူလည်းဆဲကိုယ်လည်းဆဲပဲ။ယဥ်ကျေးနေစရာ ဘာသောက်ကြောင်းမှမရှိ။ဘော်ဒါတွေကြားမှာယဥ်ကျေးနေရင် အတုအယောင်ပဲ။
"မျက်နှာသွားသစ်လိုက်သားကြီးရာ...ငါသွားပြီ...ချစ်တယ်နော်သားကြီး"
နမ်ဂျွန့်လက်ထဲကကားသော့ကို ပြန်ဆွဲယူပြီးထတော့ လက်ခလယ်ထောင်ပြလာတဲ့သကောင့်သား။
ဂျွန်ဂျောင်ကုကလည်း ငြိမ်ခံနေမယ်ထင်လား?ကားသော့ကိုပါးစပ်နဲ့ကိုက်ပြီး လက်နှစ်ဖက်လုံးနဲ့လက်ခလယ်ပြန်ထောင်ပြတော့ ဘေးနားမှာရှိတဲ့မဂ္ဂဇင်းနဲ့ကောက်ပေါက်လို့ မနည်းပြေးထွက်ပြီး ကားကိုမောင်းသွားတာ လေလိုပင်။အဲ့တော့မှ နမ်ဂျွန့်ရယ်သံလေးတွေ ပလုံစီအောင်ထွက်လာရတော့သည်။