"ပုံကြမ်းကတော့ ဆွဲထားပြီးသား...ကျွန်တော်ရထားတဲ့ခေါင်းစဥ်ကလွတ်လပ်ပြီး...ကြည့်လိုက်တာနဲ့အဆင့်အတန်းတစ်ခုရှိနေရမယ့်ဒီဇိုင်းမျိုး...အင်းမ်...မော်ဒယ်နဲ့လည်းလိုက်ရမယ့်ဒီဇိုင်းမျိုးဆိုတော့...နည်းနည်းတော့ဒီဇိုင်းကိုပြန်ပြင်ရမယ်ထင်တယ်...အချိန်ကရပါတယ်...လိုက်ခဲ့...ကျွန်တော့်အလုပ်ခန်းထဲကို"
မနက်ကကူညီပေးဆိုလို့ လွယ်လွယ်ခေါင်းညိတ်လိုက်မိတာ
နောင်တရလိုက်တာ။ယောင်းဖလောင်းလေးဆီကအမှတ်ရချင်ဇောနဲ့ ကူညီပေးမှာပါဆိုပြီးအာချောင်လိုက်တဲ့အကျိုး ဆက်က မော်ဒယ်လုပ်ပေးရမယ်တဲ့။သူ့ရုပ်ကချောပြီးသားဆိုတော့ မော်ဒယ်လုပ်ပေးရတာကိစ္စမရှိပေမယ့် presentation လုပ်ရင် သူပါလိုက်ပြီးထိုင်ပေးရမယ်ဆိုတော့မလုပ်ချင်ပါဘူး။ရှုပ်ရှုပ်ယှက်ယှက်တွေ။အခုမှငြင်းလည်း ဟိုဟာလေးကအခက်တွေ့ဦးမှာဆိုတော့ ကူညီလိုက်ပါ့မယ်လေ။ထယ်ယောင်းခေါ်သွားတဲ့အပေါ်ဆုံးက အလုပ်ခန်းဆိုတဲ့နေရာက တစ်ခန်းလုံးကအညိုရောင်တွေသုတ်ထားပြီး ဒီဇိုင်းဆွဲထားတဲ့စာရွက်တွေကလည်း တစ်ခန်းလုံးကနံရံတိုင်းမှာကပ်ထားတာအပြည့်။ပြတင်းပေါက်အကြီးကြီးတွေနဲ့ လသာဆောင်လည်းရှိပြီး လိုက်ကာတွေကတော့ အဖြူရောင်တွေနဲ့အလှဆင်ထားသည်။ပြတင်းပေါက်နားမှာ စက်ချုပ်စက်ကြီးနှစ်လုံးနဲ့ အင်္ကျီတိုင်းချုပ်တဲ့အရုပ်တွေလည်းရှိသည်။နရံအပေါ်နားမှာနံရံကပ်မှန်ဗီရိုပါပြီး အဲ့ထဲမှာလည်းပိတ်စတွေ၊အပ်ချုပ်ပစ္စည်းတွေနဲ့ရှုပ်ပွနေသည်။တစ်ခန်းလုံးကိုချုံ့ကြည့်လိုက်ရင် တော်တော်ကိုအလုပ်ကြိုးစားတဲ့ fashion designer တစ်ယောက်ရဲ့အခန်းလိုမျိုးပင်။
ထယ်ယောင်းကတော့ သူ့အလုပ်ခန်းလေးကိုသူကြည့်ပြီး ဂုဏ်ယူပြုံးလေးပြုံးနေပေမယ့် ဂျောင်ကုကတော့မျက်ခုံးတွေကျုံ့၊မျက်နှာကိုရှုံ့မဲ့ရင်းသာ ရှုပ်ပွနေတဲ့အခန်းတစ်ခန်းရယ်လို့မှတ်ချက်ချနေသည်။
"ဒါကျွန်တော့်အလုပ်ခန်းလေ...ဘယ်လိုလဲ"
သူ့ကိုကြွားသလိုလိုနဲ့ ချီးကျူးပေးစေချင်သလို မေးစေ့ကိုလက်ညှိးလေးနဲ့ပွတ်ပြီး မေးလာတဲ့ထယ်ယောင်းကြောင့် မသိမသာသက်ပြင်းချလိုက်ရင်း လိမ်ပြောဖို့သာပြင်ရတော့သည်။အမှန်အတိုင်း ရှုပ်ပွညစ်ပတ်ပြီးမျက်စိနောက်စရာအခန်းလို့ပြောကြည့်ပါလား?သူ့အတွက်မတွေးရဲစရာ။