"သားကြီးရေ...ရောက်ပြီ"
"ရောက်ရင်ထိုင်နေ"
ဟိုဟာလေးစာမေးပွဲခန်းထဲဝင်သွားတာနဲ့ သူ့ဆီပြေးလာတာကို ရောက်လည်းရောက်ရောအမောစို့ချင်စရာ ပြောလာပုံက။
"ငါ2နာရီကျော်လောက်အချိန်ရတယ်...ဂိမ်းတူတူဆော့ရအောင် သားကြီး"
"......"
သူပြောသမျှကိုအဖတ်မလုပ်ပဲ ဖုန်းကိုပဲသည်းကြီးမဲကြီးကြည့်နေတဲ့နမ်ဂျွန်ကြောင့် ဂျောင်ကု ဒေါသထွက်ကာဖုန်းကိုလုတော့သည်။
"ရား!!...ပြန်ပေး!!...ဂျွန်ဂျောင်ကု!!!"
"မင်းငါ့ကိုအရေးလုပ်လား...ပြော!...ဘာတွေတောင်ဒီလောက်ကြည့်နေတာလဲ...မှန်းစမ်း"
ဖုန်းကိုပြန်လုနေတဲ့နမ်ဂျွန့်လက်တွေကို ရှောင်တိမ်းကာ မနည်းနောက်ကျောနဲ့ကာထားရင်း ဖုန်းကိုကြည့်တော့ follower မနည်းတဲ့ jinnie ဆိုတဲ့အင်စတာဂရမ်အကောင့်။တစ်နည်းအားဖြင့်အစ်ကိုဆော့ဂျင်အကောင့်။ဟူး....ဒီကောင်လည်းဆေးမမှီတော့ဘူးပဲ။
"မင်းအစ်ကိုဆော့ဂျင်ကို ကြိုက်နေတာမလား"
ငါသိနေတယ်ဆိုတဲ့အထာနဲ့ ဖုန်းကိုပစ်ပြီးမျက်ခုံးပင့်ကာမေးလိုက်တော့
"ဘာ...ဘာတွေလာပြောနေတာလဲ...ကြိုက်ရအောင်အစ်ကိုက မိန်းကလေးမှမဟုတ်တာ...ပြီးတော့...အစ်ကိုကနတ်သားတစ်ပါးလိုဘယ်လောက်ချောချော...ငါကအဖြောင့်ကွ!...လုံးဝအဖြောင့်ကြီး!!...လူကိုဘာမှတ်နေတာလဲ...ပြန်ပေး..ဖုန်း"
မကြိုက်ဘူးလေးဘာလေးနဲ့ ဘယ်လိုချောတာကိုပါထည့်ကြေငြာသွားတဲ့နမ်ဂျွန်ကို ဂျောင်ကုတော်တော်စိတ်လေနေပြီဖြစ်သည်။ကြိုက်ရင်လည်းကြိုက်တယ်ပေါ့။ဘာရှက်စရာရှိလဲ?သူကကန့်ကွက်မယ့်သူကျနေတာပဲ။ဂျွန်ဂျောင်ကုတို့က ခေတ်ရေစီးကြောင်းနဲ့အညီ လိုက်လျောညီထွေရှိတဲ့လူပါ။
"မကြိုက်ဘူးဆိုလည်း အေးဆေးပေါ့ကွာ...ဖြောင့်တယ်ဆိုတာကြီးပဲကြွားနေတာပဲ...ငါလည်းမင်းဖြောင့်မှန်းသိပါတယ်ကွာ...အင်းမ်...အစ်ကိုဆော့ဂျင်ကချောတာတော့မင်းပြောသလိုပါပဲ..ကောင်မလေးမရှိဘူးလား...ငါကြည့်သလောက်တော့ရှိမယ့်ပုံပဲ"