"အခုကဘယ်ကိုသွားရမှာလဲ"
"..."
"လေ့ကျင့်ခန်းလုပ်ဖို့လား"
ဆောင်းဟွန်းကခေါင်းငြိမ့်ပြသည်။
အတူရှိလာတဲ့ရက်တွေများလာပြီးနောက်မှာ အတူတူကုန်ဆုံးလာခဲ့တဲ့အချိန်တွေများလာပြီးနောက်မှာ သူနဲ့ဆောင်းဟွန်းနဲ့လဲ ခင်သထက်ခင်လာ ရင်းနှီးသထက်ရင်းနှီးလာပြီး တစ်ချို့သောအရာတွေကိုဆို ဂျယ်ယွန်းပြောစရာမလိုပါဘဲရလာပြီဖြစ်၏။ ဥပမာ ဒီလိုခေါင်းငြိမ့် ခေါင်းခါမျိုးတွေပေါ့။
"ပျင်းစရာ"
အပျင်းလေးဂျယ်ယွန်းအတွက်တော့ လေ့ကျင့်ခန်းလုပ်ရတာက ပျင်းစရာဖြစ်သည်။ ဒီမှာက တစ်ပတ်မှာ တစ်ရက်လောက် ရှိသမျှလူတွေအကုန်ထွက်ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ကြရသည်။ ဂျယ်ယွန်းအစတုန်းကကျ လိုက်မလုပ်ခဲ့ပေမယ့် နောက်ကျ မလုပ်မနေရဆိုပြီး လာခေါ်တယ်လေ။ မရတဲ့အဆုံး သူမှာလိုက်လုပ်ရတော့မှာ။ သူ့အတွက်တော့ ပျင်းစရာလေ့ကျင့်ခန်းထက် အခန်းထဲမှာအိပ်နေရတာကမှ ပိုကောင်းသေးသည်။
လေ့ကျင့်ခန်းပြုလုပ်ရမယ့်နေရာ မြက်ခင်းပြင်ပေါ်တွင်တော့ ရောက်နေနှင့်တဲ့သူတွေက ရောက်နေနှင့်နေပြီ။
ဂျယ်ယွန်းတို့လဲ အဆင်ပြေမယ့်နေရာလိုက်ရှာနေရင်း"ကျောင်းသားတွေ! ဘာလုပ်နေကြတာလဲ"
အသံနဲ့အတူရောက်လာသည်က စရောက်ခါစတုန်းက သူ့ကိုဆောင်းဟွန်းအကြောင်းပြောပြပေးခဲ့တဲ့ အဒေါ်လီပင်။
"ဗျာ"
ဂျယ်ယွန်းအနည်းငယ်တော့ ကြောင်သွားမိသည်။
"ကျောင်းသားတွေ ဆရာမ မလာသေးလို့ဒီရောက်နေတာလား ဘယ်အခန်းကလဲ အတန်းပိုင်ကရော ဘယ်သူလဲ"
နောက်နေတာလားထင်မိပေမယ့် အဒေါ့်လီပုံစံမှာအတည်ပေါက်ဖြစ်နေတာကြောင့် ဂျယ်ယွန်းပို၍ကြောင်သွားရသည်။ သူတို့ကကျောင်းသားတွေလဲမဟုတ်တာကို ဘာနဲ့လာမှားနေတာလဲမသိဘူး။
ဆောင်းဟွန်းကတော့ ပုံမှန်အတိုင်းပါပင်။ ဘာမှမဖြစ်သည့်ပုံနှင့်။ သူတစ်ယောက်ဘဲခေါင်းတစ်ကုတ်ကုတ်နဲ့အခြေအနေကိုနားမလည်နိုင်ဖြစ်နေတာလား။
YOU ARE READING
If all it is eight letters (Completed)