အချစ်ကိုတွေ့ပြီးနောက်ဂျယ်ယွန်း အချစ်နဲ့ဆုံပြီးနောက်ဂျယ်ယွန်း ချစ်တာကိုချစ်မှန်းသိသွားတဲ့ဂျယ်ယွန်းမှာတော့ အရာအာလုံးကပုံမှန်အတိုင်းဆက်သွားနေပေမယ့် ပိုပြီးအပြုံးတွေဖြစ်တည်လာပြီး ပိုပြီးပျော်ရွှင်မှုတွေဖြစ်တည်လာပြီး ဆောင်းဟွန်းကိုမြင်တိုင်းပိုပြုံးမိ ပိုပျော်မိ ပိုရင်ခုန်မိတာတွေကတော့ နှစ်ဆသုံးဆဖြစ်လာခဲ့သည်။
"ဆောင်းဟွန်းနီးရေ"
အရင်ကတည်းက ဆောင်းဟွန်းအနား ကော်လိုကပ်တတ်တဲ့ ဂျယ်ယွန်းက အခုအချိန်တွင်တော့ ဆောင်းဟွန်းဘေးပိုကပ်နေသည်မှာ ကော်ရော တိပ်ရော သံလိုက်နဲ့ဆွဲကပ်ထားသလိုမျိုးရော မျိုးစုံအောင်ကိုဖြစ်နေသည်။
"ဆောင်းဟွန်း အခုကဘယ်သွားမှာလဲ"
ဆောင်းဟွန်းဘေးမှာရှိနေတိုင်း ဂျယ်ယွန်းမျက်နှာထက်မှာအပြုံးတစ်ခုက ချိတ်ဆွဲထားနှင့်ပြီးသားဖြစ်သည်။ ဆောင်းဟွန်းကိုကြည့်နေတဲ့မျက်ဝန်းတွေကလဲ အချစ်တွေအပြည့်ဖြစ်ကာ အရောင်လက်နေပြီး မျက်စံနက်နက်လေးတွေက ဆောင်းဟွန်းကိုသာဦးတည်လှုပ်ခတ်နေသည်။
"အပင်စိုက်ဖို့သွားမှာလား ရတယ်ရတယ် သွားသွား ဆောင်းဟွန်းနီးဘယ်သွားသွားငါကလိုက်မှာမို့"
ပြောပြီး ဂျယ်ယွန်းက ဆောင်းဟွန်းလက်ကို ဖြတ်ခနဲဆုပ်ကိုင်ကာ ဆောင်းဟွန်းကိုဟီးခနဲရယ်ပြလိုက်သည်။
ခုနောက်ပိုင်း ဂျယ်ယွန်း တတ်မြောက်လာတာတစ်ခုလဲရှိသေးသည်။ ထိုသည်ကတော့ ရရင်ရသလိုအသားယူလာတတ်တာ။ ဥပမာ အခုလိုမျိုးလက်ကိုဖြတ်ခနဲလှမ်းဆုပ်ကိုင်တာမျိုး၊ ရရင်ရသလိုဆောင်းဟွန်းဘေးမှာပူးကပ်ထိုင်တာမျိုး၊ ကြုံရင်ကြုံသလိုပြေးဖက်တာမျိုး၊ ညအိပ်ရင်လဲ ကြားမှာခြားထားတဲ့ ဖက်လုံးကို အိပ်ချင်ယောင်ဆောင်ကာလှိမ့်ပြီး ဆောင်းဟွန်းကိုဖက်အိပ်တာမျိုး စသည်တွေကို ဂျယ်ယွန်းက တစ်နေ့တစ်မျိုးမရိုးရအောင် တမင်တကာဖန်တီးပြုလုပ်လေ့ရှိသည်။ ထိုသို့အသားယူတိုင်း ဆောင်းဟွန်းကတော့ ငြင်းဆန်ခြင်းမပြုသည်မို့ ဂျယ်ယွန်းမှာတော့ နေ့တိုင်းနေ့တိုင်းကို မသိချင်ထောင်ထောင်ကာလုပ်နေလေ့ရှိတာ။
YOU ARE READING
If all it is eight letters (Completed)