Extra

993 105 18
                                    

မျက်စိတစ်လုံးမြင်နေရတဲ့ ဖြူလွှလွှနှင်းတွေထက်မှာတော့ ခြေလှမ်းတို့ကိုဖြစ်တည်လိုက်တဲ့အခါ နှင်းဖြူဖြူတွေထက် ခြေရာတွေက ထင်ကျန်ခဲ့လျက်။

တောက်တောက်ပပနေရောင်ခြည်ဖြာကျနေသော်ငြား ဆွစ်ဇာလန်ရဲ့ဆောင်းရာသီကတော့ လှပကာအေးခဲလုနီးပါပင်။

"ဆောင်းဟွန်း ဆောင်းဟွန်း"

ဂျယ်ယွန်းတစ်ယောက်နှင်းတွေကြားမှာ ခုန်ပေါက်နေသည့်ကြားမှရပ်လိုက်ပြီး နောက်ကနေဖြည်းဖြည်းချင်းလိုက်ကာ လျှောက်လာနေတဲ့ဆောင်းဟွန်းဆီပြန်သွားလိုက်သည်။ ဆောင်းဟွန်းကတော့ အည်ိုရောင် long coat အရှည်ရယ် သူနဲ့အခုဆင်တူပတ်ထားတဲ့ မာဖလာအဖြူရယ်နဲ့ ဆောင်းနှင်းဖွေးတွေကြား ကြည့်အကောင်းဆုံးဖြစ်လို့နေသည်။

"ဆောင်းဟွန်း ဆောင်းဟွန်း မင်းသိလား"

ဆောင်းဟွန်းကတော့သူ့ကို အမေးပါတဲ့မျက်ဝန်းတို့နဲ့ကြည့်လာသည်။

"နံပါတ် 5 ဂဏန်းက အကောင်းဆုံးဂဏန်းတဲ့လေ"

"ဘာလို့"

"မင်းလက်ဖြန့်လိုက်"

သူထိုသို့ပြောလိုက်တော့ ဆောင်းဟွန်း လက်ဖဝါးဖြန့်ပေးလာသည်။ သူလဲတစ်ချက်ပြုံးလိုက်ပြီး ထိုလက်ဖဝါးကြားထဲ သူ့လက်ချောင်းတို့ကိုထည့်ကာ ဆုပ်ကိုင်လိုက်ရင်း

"ဒီမှာလေ"

ဆုပ်ကိုင်ထားတဲ့ယှဉ်တွဲလက်နှစ်ဖက်လေးကို ဂျယ်ယွန်း ဆောင်းဟွန်းရှေ့ ထောင်ပြလိုက်သည်။

"ဒါပေမယ့် ဒါက 10 မဟုတ်ဘူးလား"

ဆောင်းဟွန်းအပြောကြောင့် ဂျယ်ယွန်းမျက်ခုံးတို့ကတော့ တွန့်သွားလျက်။

"5 လေ လက်ငါးချောင်း"

"ကိုယ်က 5 ဂျယ်ယွန်းက 5 ပေါင်းလိုက်တော့ 10 လေ"

"ဒါပေမယ့် အဲ့လို မဟုတ်- ဟ ကျစ် ပတ်ဆောင်းဟွန်း မင်းတကယ်ပဲ"

ဆုပ်ကိုင်ထားတဲ့လက်ကိုဖြုတ်လိုက်ရင်း ဂျယ်ယွန်းမျက်နှာမှာတော့ စတင်၍ဆူပုတ်လာပြီဖြစ်၏။

"မင်း တကယ်ပဲ ဒီအတိုင်း 5 ဆို 5 လိုက်ပေါ့ ဘာပေါင်းပြီး 10 တွေလုပ်နေတာတုန်း အရမ်းပဲ ရိုလို့ကိုမရဘူး"

If all it is eight letters (Completed)Donde viven las historias. Descúbrelo ahora