29

624 89 22
                                    

တကယ်ဆို သူက မွေးနေ့ကို သိပ်ကြိုက်လှတဲ့သူမဟုတ်ဘူး။

မဟုတ်ဘူး။ တကယ်ဆို သူက မွေးနေ့ကို ကြိုက်ကိုမကြိုက်တဲ့သူ။ မွေးနေ့တိုင်း အနားဘယ်သူမှမရှိဘဲ တစ်ယောက်တည်းဖြတ်သန်းရသည်မို့ မွေးနေ့ဆိုတာက ဒီအတိုင်းသူ့အတွက် သာမန်ရက်တစ်ရက်လိုပဲ။ သာမန်အထီးကျန်ဆန်တဲ့ရက်တစ်ရက်ပဲ။

ခုနှစ်သူ့မွေးနေ့မှာလဲ ဘာမှထူးခြားမှာမဟုတ်ပါဘူး။ ကုန်လွန်ခဲ့ပြီးတဲ့နှစ်တွေတုန်းကလိုပဲ သူက တစ်နေရာမှာရပ်နေရင်းဖြစ်ဖြစ် မဟုတ်လဲ အခန်းထဲမှာတစ်ကိုယ်တည်းနေရင်းဖြစ်ဖြစ် မဟုတ်လဲ အလုပ််ခန်းထဲမှာတစ်နေကုန် ကုန်ဆုံးရင်းဖြစ်ဖြစ် သူ့မွေးနေ့ကပြီးသွားမှာ။ အခုလဲဒီလိုပဲနေပါလိမ့်မယ်။

တစ်ခါတစ်လေဆို သူတွေးမိတယ်။ သူမမှတ်််မိတဲ့ အတိတ်တွေမှာရော သူက မွေးနေ့တွေကို အခုလိုပဲ အထီးကျန်ဆန်ဆန်နဲ့ တစ်ယောက်တည်းကုန်ဆုံးခဲ့တာလားဆိုပြီး။ အနားဘယ်သူမှမရှိဘဲ ပျော်စရာမကောင်းတဲ့မွေးနေ့တွေကိုပဲ အတိတ်တွေတုန်းကသူက ကုန်ဆုံးခဲ့ရတာလား။ သူ့မှာ ပျော်ရွှင်ခဲ့ရတဲ့ မွေးနေ့ရှိရောရှိခဲ့ရဲ့လား။

တွေးကြည့်သော်ငြား အဖြေဖော်မရတဲ့ ပုစ္ဆာအလားဖြစ်သည်မို့ သူဟာ အတွေးတွေကိုအမြဲရပ်ပစ််ခဲ့ရတာပင်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ အခုလဲ သာမန့်နေ့တစ်နေ့ကို သာမန်အတိုင်း ဒီအတိုင်းကုန်ဆုံးရင်ပဲရတာမဟုတ်လား။ ရှင်းမ်ဂျိတ်ခ်အတွက်တော့ မွေးနေ့တွေက ဘယ်သောအခါမှ ပျော်စရာကောင်းမှာ မဟုတ်ပါချေ။


သတိရလာပြီး ပထမဆုံးမွေးနေ့။
ဆေးရုံခန်းထဲမှာပဲ တိတ်ဆိတ်ခြောက်ကပ်စွာနေရင်း နိုဝင်ဘာ 15 က ကျဆင်းသွားတဲ့ နှင်းတွေလိုမျိုး အေးစက်စွာကုန်ဆုံးသွားရတယ်။

နောက်နှစ်မွေးနေ့။
အခန်းထဲမှာပဲနေရင်း 'မွေးနေ့မှာ ပျော်ရွှင်ပါစေ' ဆိုတဲ့စာကြောင်းကို ဘယ်သူ့ဆီကမှမရပဲ ကုန်ဆုံးခဲ့ရသည််။

နောက်ထပ်တစ်နှစ်ရဲ့မွေးနေ့။
အပြင်မှာ တစ်ကိုယ်တည်းလျှောက်သွားရင်း ကိတ်မုန့်တစ်လုံးကို ကိုယ်ဘာသာဝယ်ရင်း ဖယောင်တိုင်မီးကိုလဲ တစ်ဦးတည်းမှုတ်ရင်း ဆုတောင်းတောင် မတောင်းနိုင်လိုက်ပါပဲ ကုန်ဆုံးခဲ့ရတယ်။

If all it is eight letters (Completed)Where stories live. Discover now