"ကျွန်တော်ပြန်ရောက်ပါပြီ"
အပြင်ဘက်က အသံငယ်က အခန်းငယ်အတွင်းထိုးဖောက်ဝင်ရောက်လာချိန်မှာတော့ တွန်းဖယ်မှုတစ်ခုကြောင့် ရပ်တန့်သွားတဲ့အနမ်းတို့ကြား အသက်ရှုမဝဖြစ်နေခြင်းအတွက် အောက်ဆီဂျင်အပြည့်အဝကိုလဲ ခုမှပြန်လည်ရရှိတော့သည်။
ဂျိတ်ခ် မျက်နှာပြင်တစ်ခုလုံး ပူနွေးလာလျက် ခန္ဓာကိုယ်တစ်ခုလုံးပါပူနွေးလာသလိုခပ်ရှိန်းရှိန်းခံစားနေရသည်။
"ပြန် ပြန်တော့မယ်.. ခွင့် ခွင့်ပြု ခွင့်ပြုပါ ဦး"
ပြန်စကားကိုတောင်မစောင့်နိုင်တော့တဲ့အထိ သူဟာ အရှက်သည်းနေတဲ့ဆယ်ကျော်သက်လေးလိုမျိုး အခန်းထဲမှပြေးထွက်လာခဲ့သည်။
"အစ်ကိုဂျိတ်ခ် သွားတော့မလို့လား"
"အော အော သွားတော့မလို့ နောက်မှ နောက်မှ တွေ့ကြမယ်နော် ဂျောင်ဝန်း"
"အစ်ကိုဂျိတ်ခ် အဆင်ပြေ..."
သူ့စကားတောင်မဆုံးလိုက်ပါ။ အစ်ကိုဂျိတ်ခ် တစ်ဖြစ်လဲ အစ်ကိုဂျယ်ယွန်းက သူ့ရှေ့ကနေ အလင်းရဲ့အလျင်လိုမျိုး မြန်ဆန်တဲ့အရှိန်နဲ့ပျောက်ကွယ်သွားတော့သည်။ ဂျောင်ဝန်းမှာတော့ နေရာမှာတင် ကြောင်အစွာနဲ့ ရပ်ကျန်ခဲ့ရတော့သည်။
မျက်နှာတစ်ခုလုံး နီရဲနေတာ ဖျားများဖျားနေတာလား။ မဟုတ်မှလွဲ အစ်ကိုဆောင်းဟွန်းဆီကများ ကူးသွားတာလား?
ခေါင်းကိုသာ ကုတ်ရင်း အစ်ကိုဆောင်းဟွန်းဆီကိုသာ မေးရန်အတွက် ခြေလှမ်းတို့ဦးတည်လိုက်သည်။ အခန်းထဲက အစ်ကိုဆောင်းဟွန်းမှာလဲ မျက်နှာပြင်တစ်ခုလုံး နီရဲနေတာ တွေ့လိုက်ရတော့ အဲ ဒါစဉ်းတော့စဉ်းစားစရာပဲ။
"အစ်ကိုဆောင်းဟွန်း ဘာဖြစ်ကြတာလဲ.. ဟိုမှာ အမြန်ပြေးပြန်သွားတယ်"
အစ်ကိုဆောင်းဟွန်းက တန်းတော့မဖြေလားသေး။ နီရဲနေတဲ့မျက်နှာနဲ့ အသိစိတ်ကပ်ဖို့ ပြန်ကြိုးစားနေရသလိုမျိုးဖြစ်နေသည်။
"ကိုယ် ဂျယ်ယွန်းကို... နမ်းလိုက်တာ"
What the hell!!
ဂျောင်ဝန်းထိုအခိုက် ဘာစကားမှပြန်မပြောနိုင်ဖြစ်ကာ ဆွံ့အသွားရသည်။ အစ်ကိုဆောင်းဟွန်း တယ်လက်သွက်နေပါ့လား။ အဲ့ဒါကြောင့်မို့ နှစ်ယောက်သားက မျက်နှာတွေနီရဲနေတဲ့အထိ ဖြစ်နေကြတာကိုး။ ဘယ်လောက်တောင် ဘယ်လိုတောင် နမ်းလိုက်လို့ပါလိမ့်။
YOU ARE READING
If all it is eight letters (Completed)