30

607 74 16
                                    

"ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး ကိုယ့်ကို ပြန်မှတ်မိပေးတော့လို့ မရဘူးလားဟင် ဂျယ်ယွန်း.."

ဒီလိုခံစားချက်မျိုး ခံစားရတာ ပထမဆုံးအကြိမ်ပဲ။ ဒီလိုခံစားချက်မျိုးကို သူခံစားရတာ ဒါပထမဆုံးပဲ။ နာတယ်။ သေလောက်အောင်နာတယ်။ ရင်ဘတ်ထဲက တင်းကြပ်ကာ နာကျင်နေပြီး အော်ဟစ်ငိုကြွေးရင်တောင် မလုံလောက်တဲ့အခြေအနေမျိုးနဲ့ သူ့ရင်တွေတစ်ခုလုံး ထုရိုက်ခံထားရသလိုနာသည်။

"ဘာတွေပြောနေတာလဲ"

မျက်ရည်စီးကြောင်းတွေက သူ့ပါးပြင်ထက်မှာစီးကျနေပြီး အသံတို့ကလဲ အနည်းငယ်အဖျားခတ်ကာ တုန်ယင်နေသည်။ ဒီအခြေအနေကြီးက အရမ်းကိုမုန်းစရာကောင်းလွန်းလိုက်တာ။

"ဂျယ်ယွန်း.. ဂျယ်ယွန်း ကျေးဇူးပြုပြီး ဂျယ်ယွန်းရယ်"

နာကျင်ကွဲအက်စွာနဲ့ဆိုနေတဲ့ ဆောင်းဟွန်းက သူ့ရှေ့တိုးလာလေတော့ ဂျိတ်ခ်ရဲ့ခြေလှမ်းတွေကလဲ အနောက်သို့လိုက်ကာဆုတ်သွားသည်။

သူက အခုအခြေအနေမှာ ဘာကိုမှနားမလည်နိုင်ဖြစ်ပြီး အကုန်လုံးကိုကြောက်နေမိသည်။ မျက်စိရှေ့က ဆောင်းဟွန်းကိုလဲ ကြောက်ရွံ့ကာနေမိပြီး ထိုးကိုက်နေတဲ့ခေါင်းကလဲ ပေါက်ထွက်သွားတော့မလို ပေါက်ကွဲထွက်ပြီး တစ်စစီပျက်စီးသွားတော့မလို ခံစားနေရသည်။

"ဘာတွေပြောနေတာလဲလို့!!"

နောက်ကိုဆက်ဆုတ်စရာနေရာမရှိဘဲ နံရံနဲ့ထိကပ်သွားချိန်မှာတော့ မျက်ရည်စီးကြောင်းတွေနဲ့ သူ့ထံမှ အော်သံနက်နက်ကထွက်ပေါ်လာသည်။ တကယ်ကိုအော်ဟစ်လိုက်တာတောင် မပျောက်တဲ့အထိ သူ့ရင်တွင်းနာကျင်မှုက ပြင်းထန်နေလိုက်တာ။

"မင်းက ကိုယ့်ဂျယ်ယွန်းလေ ဂျယ်ယွန်းရဲ့.. မင်းက သူပါ"

စိုစွတ်နေတဲ့မျက်တောင်တွေကို တစ်ဖျက်ဖျက်ခတ်ရင်းပဲ ဂျိတ်ခ်က ဆောင်းဟွန်းပြောသည်များကို နားထောင်နေမိသည်။ ဒါပေမယ့် သူ့အတွက် အခုဆောင်းဟွန်းပြောလိုက်တဲ့အကြောင်းအရာက လက်ခံဖို့ခဲယဉ်းနေသည်။ မဟုတ်သေး.. မယုံနိုင်စရာကောင်းတယ်လို့ပြောရင်ပိုမှန်မယ်။ ဘာကိုမှနားမလည်နိုင်ဖြစ်နေတဲ့ဒီအချိန်မှာ အခုအကြောင်းအရာက သူ့အတွက် ခေါင်းကိုက်ခြင်းကိုသာပိုပြီး ဖြစ်စေသည်။

If all it is eight letters (Completed)Where stories live. Discover now