18

625 93 92
                                    

ဂျယ်ယွန်းက ကြောင်လေးတွေကိုချစ်လိမ့်မယ်လို့ ကိုယ်မထင်ခဲ့မိဘူး။

ကိုယ်နဲ့ဂျယ်ယွန်းနဲ့က မတူတော့ဘူးထင်တယ်။ ကိုယ်ကတော့ ခွေးလေးတွေကိုပိုချစ်တာမို့။

ဂျယ်ယွန်းက ကြောင်လေးလို့ပြောနေတဲ့တစ်ယောက်ကို ကိုယ်သိပါတယ်။ အဲ့ကောင်လေး ဂျယ်ယွန်းအခေါ် ကြောင်လေးကို ကိုယ်အရင်ကလဲဒီမှာတွေ့ခဲ့ဖူးတယ်။ ဆေးရုံအုပ်ရုံးခန်းမှာလဲ တွေ့ဖူးတယ်။ ကိုယ်က အဲ့ကောင်လေး ကြောင်လေးကို သိနေတာကြာပါပြီ။

ဂျယ်ယွန်းကတော့ အဲ့ကောင်လေး ကြောင်လေး နဲ့စကားတွေပြောနေတော့တာဘဲ။ ဂျယ်ယွန်း အဲ့ကောင်လေး ကြောင်လေးကို ကြောင်လေးခေါ်လဲခေါ်ချင်စရာပါ။ အဲ့ကောင်လေး ကြောင်လေးက ကြောင်လေးနဲ့တကယ်တူတာမို့လေ။

အဲ့ကောင်လေး ကြောင်လေးနဲ့ စကားပြောနေတဲ့ ဂျယ်ယွန်းကတော့ ခွေးပေါက်လေးနဲ့တူတယ်။ ဂျယ်ယွန်းရဲ့ဆံပင်လေးတွေက ပွနေတယ်။ ဂျယ်ယွန်းကပြုံးနေတယ်။ ဂျယ်ယွန်းကချစ်စရာကောင်းတယ်။ ဂျယ်ယွန်းက ချစ်စရာကောင်းတဲ့ခွေးပေါက်လေးနဲ့တူတယ်။ ကိုယ်ခွေးလေးတွေကိုချစ်ရတဲ့အကြောင်းအရင်းက ဂျယ်ယွန်းကြောင့်ဘဲ။ ဂျယ်ယွန်းက ခွေးပေါက်လေးနဲ့တူတာမို့။

ကောင်လေး ကြောင်လေးက ဂျယ်ယွန်းကိုစကားတွေပြန်ပြောပေးတယ်။ ဂျယ်ယွန်းကလဲ အဲ့ကောင်လေး ကြောင်လေးကိုပြန်ပြောပေးတယ်။ ကိုယ့်လိုစကားပြန်မပြောနိုင်တာမဟုတ်ဘဲ သူတို့က အချင်းချင်းပြောနေကြတယ်။ ဂျယ်ယွန်းက တိတ်ဆိတ်နေတဲ့ ကိုယ်နဲ့လိုမဟုတ်ဘဲ စကားပြန်ပြောပေးတတ်တဲ့ ကောင်လေး ကြောင်လေးနဲ့ စကားတွေအများကြီးပြောနိုင်ပြီး မပျင်းရတော့ဘူးထင်ပါတယ််။ က်ိုယ် ကောင်လေး ကြောင်လေးက်ို အားတော့ကျမိတယ်။ ကိုယ်သူ့လိုမျိုး ဂျယ်ယွန်းကိုစကားပြောပေးချင်တယ်။ ကိုယ်စကားပြောတတ်ချင်မိတယ်။

ဂျယ်ယွန်းက ကောင်လေး ကြောင်လေးနဲ့ သူငယ်ချင်းလုပ်မယ်ဆိုလို့ ကိုယ်ကလဲ ကောင်လေး ကြောင်လေးနဲ့သူငယ်ချင်းလုပ်ဖို့ ခေါင်းငြိမ့်ပြမိတယ်။ ဂျယ်ယွန်းလုပ်တဲ့အရာတွေကို ကိုယ်လိုက်လုပ်ချင်မိတယ်။ ကိုယ်ဂျယ်ယွန်းနဲ့တူညီချင်မိတယ်။ ပြီးတော့ ကောင်လေး ကြောင်လေးကို ကိုယ်အရင်ကတည်းက သိလို့ရော ကိုယ်လက်ခံမိလိုက်တာ။ ဂျယ်ယွန်းရဲ့ရွေးချယ်မှုတွေက ကိုယ့်အတွက်လဲ ကိုယ့်ရွေးချယ်မှုတွေပါဘဲ။

If all it is eight letters (Completed)Where stories live. Discover now