19

565 86 49
                                    

နှစ်မကုန်ခင်လရဲ့အရှေ့လ၊ နှစ်မကုန်ခင်လရဲ့အရှေ့လ ရက် 30 ဘဲရှိတဲ့လ၊ အဲ့လရဲ့ တစ်ဝက် 15 ရက်နေ့၊ မ,ဂဏန်း 15 ရက်နေ့၊ နိုဝင်ဘာလရဲ့ 15 ရက်နေ့က ဂျယ်ယွန်းမွေးနေ့မှန်းကိုယ်အစောကတည်းက သိပြီးသားပါ။ အဲ့ဒါက ဂျယ်ယွန်းမွေးနေ့ဆိုတာ ကိုယ်သိပြီးကတည်းက နေ့ရက်တွေကိုမမှတ်နိုင်တဲ့ကိုယ့်အတွက် အဲ့ရက်လေးက တစ်ဦးတည်းသောမှတ်နိုင်တဲ့ရက်လေးဖြစ်လာခဲ့တယ်။ တကယ်ဆိုကိုယ်ဟာ ကိုယ်မွေးနေ့ကိုတောင်သေချာမသိတဲ့သူရယ်။

ဂျယ်ယွန်းက သူမွေးနေ့ရောက်တော့မှာဖြစ်ကြောင်း ကိုယ့်ကို ခဏခဏပြောတယ်။ ကိုယ်မသိမှာ မေ့မှာစိုးလို့ထင်ပါရဲ့။ ကိုယ်ကမမေ့ကြောင်း ဂျယ်ယွန်းမွေးနေ့ကို ကိုယ့်ဘဝတစ်လျှောက်လုံး တစ်သက်လုံးမေ့မှာမဟုတ်ကြောင်းကို ကိုယ်ပြောပြချင်မိတယ်။ အဲ့လိုများပြောပြရင် ကိုယ့်ရဲ့ဂျယ်ယွန်းကပျော်သွားမလား။ ပြီးရင် "ဆောင်းဟွန်းနီးက တော်လိုက်တာ" ဆိုပြီး မျက်လုံးဝိုင်လေးတွေတစ်လက်လက်တောက်နေလျက် ပြောမလားနော်။ ကိုယ်သိချင်မိပါရဲ့။

ဂျယ်ယွန်းက မွေးနေ့လက်ဆောင်ဆိုတာမပြောခင်ကတည်းက ကိုယ်မွေးနေ့လက်ဆောင်ပေးဖို့ကို စဉ်းစားထားပြီးသားပါ။ မွေးနေ့လက်ဆောင်ဆိုတာက မွေးနေ့ရှင်ကိုပေးရတဲ့ ပစ္စည်းလေးမဟုတ်လား။ အဲ့ပစ္စည်းလေးကို မွေးနေ့ရှင်ကလဲကြိုက်ရမယ်။ အဲ့လိုမျိုးလေး။ ဂျယ်ယွန်းကြိုက်လောက်မယ့်ပစ္စည်းမျိုး ကိုယ်ဘာပေးရင်ကောင်းပါ့မလဲ။ ကိုယ်စဉ်းစားမရ ဖြစ်နေရတယ်။ ပြီးတော့ ဒါကလဲ ကိုယ့်အတွက် ဘဝမှာ တစ်စုံတစ်ယောက်ကို ပထမဆုံးပေးဖူးတဲ့ လက်ဆောင်လေးဖြစ်မှာ။

ကိုယ်စဉ်းစားတယ်။ ကိုယ်စဉ်းစားပြီးရင်စဉ်းစားတယ်။ ဒါပေမယ့် ဘာပေးရမလဲဆိုတာ စဉ်းစားမရဘူး။ ကိုယ်ကဘာကိုမှလဲသိတာမဟုတ်ဘူး။ ကိုယ်သိတာဆိုလို့ အပင်တွေဘဲရှိတာ။ အပင်တွေကိုပေးပြန်ရင်လဲ ဂျယ်ယွန်းက ကြိုက်လောက်မှာမဟုတ်ဘူးလေ။ ဂျယ်ယွန်းမကြိုက်မယ့်အရာကြီးကိုတော့ ကိုယ်မပေးချင်ပါဘူး။ အဲ့ဒါကြောင့် ဂျယ်ယွန်းကို ဘာလက်ဆောင်ပေးရမလဲဆိုတာကို ကိုယ်အချိန်တိုင်းစဉ်းစားနေရတယ်။

If all it is eight letters (Completed)Where stories live. Discover now