9

620 100 58
                                    

"ခုခေတ်ကြောင်တွေစကားပြောတတ်လာမှန်း သိတောင်မသိလိုက်ဘူး"

သူ့ကိုမြင်တော့ အော်ပြီးပြေးသွားတဲ့တစ်ယောက်က နောက်ထပ်တစ်ယောက်နဲ့ပြန်လည်ရောက်ချလာပြီး အခုကဲ့သို့သူ့ကိုစကားပြန်လာပြောနေသည်။

"ကြောင်လေး မင်းဘယ်ကနေရောက်လာတာလဲဟင် နေစရာရောရှိရဲ့လား"

စားနေတဲ့ ပါးစပ်ထဲကတုတ်ထိုးချိုချဉ်တောင်နင်သလိုဖြစ်လာရသည်။ အတည်ပေါက်ကြီးနဲ့မေးလာနေသည်မို့ သူလဲအပိုင်ဘဲဟုတွက်လိုက်ကာ

"ဖူဂျီတောင်ကနေလာတာပါ"

"အိုး ဖူဂျီတောင်မှာကြောင်ရှိတယ်လား အဲ့ကကြောင်တွေကစကားပြောတတ်တယ်ပေါ့ ဟုတ်လား"

ပြောလိုက်တော့ အံ့ဩသလိုဖြစ်သွားကာ သူ့ဘေးကတစ်ယောက်ဘက်လှည့်ပြီးပြောသည်။ ဘေးကတစ်ယောက်မှာတော့ ဘာမှဝင်မပြောဘဲ ဒီအတိုင်းသာကြည့်နေသည်။

"ငါမရှိနေတဲ့လောကကြီးဘာတွေဖြစ်နေတာပါလိမ့် ဘုရား ဘုရား"

"..."

"နာမည်ကရော ဘယ်လိုခေါ်လဲ ဖူဂျီတောင်ကဆိုတော့ ဖူဂျီကြောင်လား"

ဂျယ်ယွန်း မျက်စိရှေ့ကကြောင်လေးကို လွန်စွာမှစိတ်ဝင်စားနေတော့သည်။ ကြောင်တွေစကားပြောတတ်တာက တကယ်ကိုအထူးအဆန်းအံဩစရာ ဆန်းကြယ်စရာကြီးဖြစ်သည်။ ပြီးတော့ခုသူတို့ကလဲ ကြောင်နဲ့စကားပြောနေရတာမလား။ တွေးရင်းတွေးရင်ပင် ခံစားချက်ကလေပေါ်မြောက်လာရသည်။ ဆောင်းဟွန်းကတော့ ဘယ်လိုနေလဲမသိပေမယ့် သူကတော့ လွန်စွာမှ အူမြူးနေပြီဖြစ်ပါ၏။

"မြောင်ဝန်းပါဗျ"

"ဖူဂျီကြောင်လို့ဘဲခေါ်မယ်"

သူတော့ တကယ်ကိုကြောင်ဘဝပြောင်းတော့မယ်ထင်ပါသည်။

"ဖူဂျီကြောင်လေး လူတွေကြားမှာနေရတာ ခက််ခဲတယ်မလား"

ဂျယ်ယွန်းရဲ့မျက်ဝန်းထဲမှာ ဂရုဏာတွေပြည့်နေပြီး အသံလေးမှာလဲ သနားစိတ်တွေ စာနာစိတ်တွေနဲ့ အသံလေးဖြစ်သည်။

"လူတွေကြားမှာနေရတာကတော့ အဲ့လိုပါဘဲ နောက်ကျနေသားကျသွားလိမ့်မယ် ငါတို့ဆိုလဲ အခုနေသားကျနေကြပြီလေ"

If all it is eight letters (Completed)Where stories live. Discover now