20

595 88 47
                                    

ကိုယ်က ဂျယ်ယွန်းနဲ့အတူရှိနေရတဲ့ အချိန်တိုင်းကို သဘောကျတာမို့ ဂျယ်ယွန်းနဲ့အတူ အိပ်ရတဲ့ ညဘက်တွေကလဲ က်ိုယ့်အတွက် အကောင်းဆုံးတွေပါဘဲ။

ခေါင်းလျှော်လာတဲ့ ကိုယ့်ကို ဂျယ်ယွန်းက ခေါင်းသုတ်ပေးမယ်ဆိုပြီး သုတ်ပေးတယ်။ ပြီးတော့ ဂျယ်ယွန်းက ကိုယ်တစ်ခါမှ မကြားဖူးတာတွေကိုလဲ ကဗျာလုပ်ဆိုနေတာ။ ကိုယ်ကချစ်စရာကောင်းကြောင်း ကောင်းကင်ကပြာပြီး ပင်လယ်ကဝါကြောင်း ကိုယ်ကို သိပ်ချစ်တယ်ပြောလို့လဲ ကိုယ့်မှာ ကျေနပ်ရသေးတယ်။

"ဆောင်းဟွန်း ဆောင်းဟွန်း ငါမေးဦးမယ်"

ကိုယ့်ဆံပင်တွေအကုန်ခြောက်သွားပြီးချိန်မှာတော့ ဂျယ်ယွန်းက ကိုယ်နဲ့မျက်နှာချင်းဆိုင်အနေအထားမှာနေလျက် ကိုယ့်ကိုပြောလာတယ်။ ဂျယ်ယွန်းက ဘာများမေးမလို့ပါလိမ့်။

"အရောင်ထဲမှာဘာကြိုက်တာလဲ အပြာရောင်လား"

အင်း ကိုယ်ကအပြာရောင်ကြိုက်တာ

ကိုယ်ခေါင်းငြိမ့်ပြလိုက်တယ်။

"ဟုတ်ပြီ ဘယ်လိုအရာတွေရော သဘောကျလဲ နာရီ? ဖိနပ်? အင်္ကျီ? ဆွယ်တာ? ဘောင်းဘီ?"

ကိုယ်က ဂျယ်ယွန်းကိုသဘောကျတာ

"အကုန်နီးပါးကြိုက်တယ်မလား"

ဂျယ်ယွန်းကိုပိုကြိုက်တာ

"အကုန်နီးပါးအဆင်ပြေတယ်မလား"

အဆင်ပြေလားဆိုရင်တော့ ကိုယ်က အဆင်ပြေတာမို့ ခေါင်းငြိမ့်ပြလိုက်တယ်။

"ဟုတ်ပြီ အမ်း ပြီးတော့ အရသာထဲမှာရော ဘယ်ဟာကြိုက်လဲ စတော်ဘယ်ရီ နို့ ချောကလက် ပိန်းဥ"

ကိုယ်က အဲ့လိုတော့သိပ်မသိဘူးရယ်

"အကုန်စားတယ်မလား"

ကိုယ်ကအကုန်စားပါတယ်

ကိုယ်ခေါင်းငြိမ့်ပြလိုက်တယ်။

"ဟုတ်ပြီဟုတ်ပြီ...ဒါနဲ့ အရောင်ကလေ အပြာမဟုတ်လဲ အခြားအရောင်တွေအဆင်ပြေလား"

အခြားအရောင်တွေဆိုတာက ဘယ်လိုမျိုးတွေကိုပြောတာပါလိမ့်

"အရောင်အရင့်တွေမဟုတ်ဘူးလေ လှတယ်အရောင်က ရိုးရိုးရှင်းရှင်းလေး"

If all it is eight letters (Completed)Место, где живут истории. Откройте их для себя