ကုတင်ထက်မှာသတိမေ့ကာလဲလျောင်းနေတဲ့ ဆောင်းဟွန်းရဲ့ပုံရိပ်က ဂျယ်ယွန်းထံ ဝမ်းနည်းမှုတွေကို တိမ်ဆိုင်မည်းတွေသဖွယ် တရိပ်ရိပ်တက်လာစေသည်။
ဂျယ်ယွန်းက ဆောင်းဟွန်းရဲ့လက်လေးကိုဆုပ်ကိုင်ထားသည်ကိုလဲမလွှတ်ပါချေ။
သူ ဆောင်းဟွန်းကိုဒီလိုမြင်ရတာတကယ်ကိုဝမ်းနည်းသည်။ ပြီးတော့ ဖြစ်ပျက်သွားတဲ့ ဆောင်းဟွန်းရဲ့ပုံရိပ်ကိုလဲမျက်လုံးထဲကမထွက်။ ဘယ်လိုအရာတွေ အကြောက်တရားတွေ စိတ်ဒဏ်ရာတွေက ဆောင်းဟွန်းမှာရှိနေတာပါလိမ့်။ ဆောင်းဟွန်းက ဒီအတိုင်း ငြိမ်ငြိမ်လေးနဲ့ အချေကိုယ်တော်ပုံရိပ်လေးနဲ့ဘဲ လိုက်ဖက်တာကို။
"သူကဘယ်အချ်ိန်အထိဒီလိုအိပ်နေမှာလဲဟင်"
"ခဏပါဘဲ ဂျယ်ယွန်းလေး မကြာခင်သတိပြန်ရလာမှာပါ အရမ်းကြီးမစိုးရိမ်ပါနဲ့"
ဆေးရုံအုပ်ကြီးကထိုသို့ပြောသော်ငြားလဲ စကားနားမထောင်တတ်တဲ့ ဂျယ်ယွန်းကတော့ စိုးရိမ်ဦးမှာပါပင်။ ရှင်းမ်ဂျယ်ယွန်းတို့က ပြာတာသွားပြီဆိုရင် ဘာကိုမှဂရုမစိုက်တတ်တော့တာ။ ဆောင်းဟွန်းမေ့လဲသွားတော့ ဂျယ်ယွန်းက ပြာတာသွားပြီး ဆေးရုံအုပ်ကြီးကိုပါသွားခေါ်ပစ်တာ။ အစည်းအဝေးလုပ်နေတဲ့ဆေးရုံအုပ်ကြီးမှာတော့ လုပ်နေတဲ့အစည်းအဝေးကိုပစ်ပြီး ဂျယ်ယွန်းနောက်လိုက်ခဲ့ရသည်အထိပင်။
"ဆောင်းဟွန်းက ဘာလို့ဒီလိုဖြစ်သွားတာလဲဟင်...သူ ကြိုးကိုမြင်ပြီးတော့တော့ ဒီလိုဖြစ်သွားတာ"
ဂျယ်ယွန်းမေးခွန်းအဆုံးမှာတော့ ဆေးရုံအုပ်က ကုတင်ထက်ကဆောင်းဟွန်းကိုကြည့်လိုက်ပြီး သက်ပြင်းဖွဖွချသည်။
"ဆောင်းဟွန်းလေးက ကြိုးကြောက်တတ်တယ်"
ဒါဟာအခုမှ ဂျယ်ယွန်းစသိရတဲ့အကြောင်းအရာဖြစ်သည်။
"အရင်ကတည်းက ကြိုးမြင်ရင်ဒီလိုဘဲဖြစ်သွားတတ်လို့ ကြိုးတွေဆိုဆောင်းဟွန်းလေးအနားမှာ အတတ်နိုင်ဆုံးမရှိအောင်လုပ်ထားတာ ခုကဘယ်လိုဖြစ်ပြီးအဲ့ကြိုးကရှိနေတာလဲမသိဘူး သူနာပြုတွေကိုမေးကြည့်ရဦးမယ်"
ŞİMDİ OKUDUĞUN
If all it is eight letters (Completed)