31

635 93 30
                                    

"Hello"

"Hello ဂျိတ်ခ်.. ကျွန်တော်တို့တွေ့ကြရအောင် အရေးကြီးကိစ္စပြောစရာရှိလို့ပါ"

ဤသည်ကြောင့် ဂျိတ်ခ်က ဆောင်းဟွန်းနဲ့ချိန်းထားတဲ့နေရာဆီမသွားခင်မှာ ရှေ့နေ့ဟာဆီအရင်ဝင်လိုက်ရသည်။













"အဲ့ဒါကြောင့်မို့ ဂျိတ်ခ်.. လက်ထပ်ပွဲကိုအမြန်လုပ်မှဖြစ်လိမ့်မယ်.. ဖြစ်နိုင်ရင် ဒီတစ်ပတ်အတွင်းဖြစ်ဖြစ်"

ထိုအခိုက်အတန့်မှာ သူဘာစကားဆိုစကားမှပြန်မပြောနိုင်ပါပေ။ သူက ဒီအတိုင်း အေးခဲနေတဲ့ စိတ်အစဉ်နဲ့ ရှေ့က ကော်ဖီခွက်ကအငွေ့တွေကိုသာ တွေတွေကြီးကြည့်နေမိသည်။

မဟုတ်ဘူး ဒါက တစ်ချိန်ဖြစ်လာမယ်ဆိုတာ သိတယ်။ သိပေမယ့်။ သိပေမယ့်လဲ။

အဖေသတိမေ့နေတဲ့နှစ်တွေအတွင်းမှာ သူ့ရဲ့မိထွေးဖြစ်သူ မွန်းယွန်းဟီးက ယာယီဥက္ကဌအနေနဲ့ သူတို့လုပ်ငန်းစုတွေကိုတာဝန်ယူထားတာဖြစ်သည်။ ဒီနှစ်တွေအတွင်း ထိုမိန်းမက လုပ်ငန်းစုတွေ company တွေကို လက်ဝါးကြီးအုပ်ဖို့လဲ အကြိမ်ကြိမ်ကြိုးပမ်းနေခဲ့သည်။ သို့ပေမယ့် ရှယ်ယာရှင်အများစုဟာ သူမကိုအလုံးစုံမတော်လှန်နိုင်သော်ငြား ဂျိတ်ခ်တို့ဘက်မှာရှိသည်မို့ ထိုမိန်းမက ခုနှစ်တွေအတွင်း ယာယီဥက္ကဌအဖြစ်ကနေ မတက်လာနိုင်ခဲ့ခြင်းဖြစ်၏။

သို့ပေမယ့် ထိုမိန်းမက ဘယ်လိုကောက်ကျစ်တဲ့နည်းလမ်းတွေသုံးလိုက်လဲမသိပါ နောက်တစ်ပတ်ကျော်ကြာတဲ့အခါ ရှယ်ယာရှင်အစည်းအဝေးလုပ်ပြီး တရားဝင်ဥက္ကဌရွေးချယ်ပွဲကိုပြုလုပ်မည်ဟုဆိုလာသည်။ စုံစမ်းရသလောက် ရှယ်ယာရှင်အကုန်နီးပါးကိုလဲ ထိုမိန်းမက သိမ်းသွင်းလိုက်ပြီမလို့ ရှယ်ယာရှင်အစည်းအဝေးမှာ ထိုမိန်းမက ဥက္ကဌအဖြစ် အရွေးခံရမှာအသေအချာပင်။

ဤသည်ကိုတားဖို့က နည်းတစ်နည်းပဲရှိတာဖြစ်သည်။ ထိုနည်းဟာလဲ သူ့ဘဝတစ််ခုလုံးကိုအလဲအလှယ်လုပ်လိုက်ရမည့်နည်းဖြစ်နေတဲ့အခါ ဂျိတ်ခ်က ရုန်းမရပြုမရအခြေအနေမှာ။

"ဟုတ်ကဲ့.. ဒါဆို လက်ထပ်ပွဲကိုအမြန်စီစဉ်ကြတာပေါ့ Royal Park လုပ်ငန်းစုဘက်ကလဲ ဘယ်အချိန်ဆက်သွယ်ဆက်သွယ်ရတယ်လို့ပြောတယ်မလား"

If all it is eight letters (Completed)Where stories live. Discover now