16

625 87 18
                                    

ကိုယ်ဒီနေ့ အခန်းပြာလေးဆီသွားရတယ်။

ကိုယ်ကဒီကို တစ်ပတ်တစ်ခါ မဟုတ်ရင်လဲ နှစ်ပတ်တစ်ခါလောက်လာရတတ်တာမို့။ ဒီနေ့က ကိုယ်ဒီကိုသွားရမယ့်နေ့။

ကိုယ့်အဲ့အခန်းထဲဝင်ထိုင်လိုက်ကတည်းက အရာရာကတည်တည်ငြိမ်ငြိမ်လေးရယ်။ ကိုယ်အခုနောက်ပိုင်း တည်ငြိမ်လာတယ်လို့ ပြောသံကိုလဲ ကိုယ်ကြားလိုက်သလိုဘဲ။ အဲ့လိုဆို ကိုယ်ဝမ်းသာရမှာမလား။ ကိုယ်အဲ့အခန်းမှာထိုင်နေတုန်း ဘာဆိုဘာမှမမြင်ရခဲ့ဘူး။ ကြောက်စရာကောင်းတဲ့ပုံရိပ်တွေ၊ မေမေ့ကိုရော ဖေဖေ့ကိုရော မမြင်ခဲ့ရဘူး။ အဲ့အစား ကိုယ်ပကတိအပြာရောင်တွေကိုဘဲမြင်ခဲ့ရသည်။ အဲ့ဒါက ကောင်းတဲ့လက္ခာဆိုပြီးလဲ ဆေးရုံအုပ်ဆီကအပြောခံရတယ်။

ကိုယ်တော့ဖြင့် ကျေနပ်မိပါတယ်။

ကိုယ်အခန်းပြာလေးမှာ အချိန်အတော်ကုန်ဆုံးခဲ့မိတာ နေ့လည်စာစားချိန်မှအပြင်ထွက်ရတော့တယ်။ ဗိုက်ဆာပြီး ကိုယ့်ဗိုက်ကအသံတွေတောင် မြည်နေပြီလေ။ ကိုယ့်ဗိုက်ကမှ စကားပြောတတ်ပါသေးတယ်။

ကိုယ်ထုံးစံအတိုင်းဘဲ ထမင်းနည်းနည်းထည့်ပြီး အရောင်တွေရွေးတယ်။ ပြီးစားပွဲခုံဆီကိုကိုယ်သယ်လာခဲ့တယ်။

ဂျယ်လီလေးဘဲ

ပီကေဂျယ်လီလေးကို ကိုယ်ထပ်တွေ့ပြန်ပြီ။ သူကတော့ ကိုယ့်ကိုမမြင်ဘူးထင်တယ်။ သူ့ကို ရပ်ကြည့်နေတဲ့ကိုယ့်ကိုတောင် ဝင်တိုက်လိုက်သေးတယ်။ ကိုယ့်ကိုမြင်တော့ သူကပြုံးဖီးသွားတယ်။ ပြီးတော့ ပြောပါသေးတယ် ကိုယ့်ကိုတစ်မနက်လုံးရှာနေတာဆိုလားဘဲ။ ရှာတယ်ဆိုတာက ပျောက်သွားမှရှာတာမျိုးကိုပြောတာမလား။ ကိုယ်ကပျောက်သွားတာမှမဟုတ်တာ။ ဂျယ်လီလေးကတော့ မသိဘူးထင်တယ်။

ကိုယ့်ကိုတွေ့ပြီးကတည်းက ဂျယ်လီလေးက ကိုယ့်နောက်ဘဲ လိုက်တော့တယ်။ ကိုယ့်ရှေ့မှာဝင်ထိုင်တယ်။ ကိုယ်ထမင်းစားနေတာကိုလဲထိုင်ကြည့်တယ်။ ပြီးတော့ စကားတွေလဲများနေတော့တာဘဲ။ ကိုယ်စားနေတဲ့ အနီရောင်လေးက စားကောင်းတယ်ဆိုလို့ ကိုယ်ပိုပြီးတောင်စားမိလိုက်သေးတယ်။ ဂျယ်လီလေးပြောတာကမှန်တယ် အနီရောင်လေးကစားကောင်းတယ်။

If all it is eight letters (Completed)Tempat cerita menjadi hidup. Temukan sekarang