Unicode
အခန်းပြာလေးတစ်ခုရှိတယ်။
ထိုအထဲတွင် စားပွဲတစ်ခု ထိုင်ခုံတစ်လုံးနှင့် ကောင်လေးတစ်ဦးထိုင်နေသည်။ ထိုကောင်လေးကဘာမှမရှိသည့် စားပွဲပေါ်သို့စိုက်၍ကြည့်နေသည်။ ထိုအထဲသို့စရောက်ကတည်းက အခုထိထိုသို့စိုက်၍ကြည့်နေခြင်းဖြစ်သည်။
"သွားကြရအောင်"
အသံကြောင့် စိုက်ကြည့်နေရာမှအကြည့်လွှဲလိုက်ပြီး ဖြေးညှင်းစွာထသည်။ ထို့နောက် အပြင်သို့ထိုကောင်လေးထွက်သွားသည်။
---
ကားပေါ်၌လိုက်ပါစီးနှင်းလာရင်း သူ့မျက်နှာတို့မှုန်သုန်နေတော့၏။ စိတ်အလိုမကျနေသည်မို့ မျက်ခုံးတို့ပါ တွန့်ချိုးလျက်။
"ကျွန်တော်မရူးပါဘူးဆိုမှ!"
ပြောသော်လည်းမည်သူမျှအဖက်မလုပ်။ ထိုသည်ကြောင့် သူ့ဒေါသတို့ပို၍ထွက်လာရသည်။
"ကျွန်တော်မရူးဘူးလို့!!!"
"ခဏနေရောက်တော့မယ်"
အော်ပြောလိုက်တော့ အဖေ့ဆီကထိုတုန့်ပြန်စကားကိုသာပြန်ရလိုက်သည်။ သူငိုချချင်လာသည်။ သို့ပေမယ့် သူငိုလိုက်လျှင် သူ့ကိုရူးနေသည်ဟုပိုထင်သွားမှာဆိုး၍ငိုလို့မဖြစ်။ ထို့ကြောင့်ထိန်းရင်း စိတ်အလိုမကျမှု ဒေါသတို့နှင့်အတူ ငြိမ်သက်စွာဘဲလိုက်ပါလာခဲ့သည်။
ခရီးနှင်ရင်းမှာဘဲ ကားလေးကဦးတည်ရာနေရာသို့ ရောက်လာတော့၏။ သူစိတ်ရှုပ်စွာပင် မှန်အပြင်ဘက်ကိုကြည့်မိတော့ ရှုခင်းကမဆိုးလှ။ အံမယ် ဟုပင် စိတ်ထဲအာမေဋိတ်သံလေးထွက်သွားသေးသည်။
ထို့နောက်ကားကလေးသည် စဉ်ဝင်းအောက်ဝင်ရပ်ပြီးနောက် ပါလာသူတို့သည်လည်း ဦးတည်ရာသို့...
"ဘယ်ကတည်းကစဖြစ်တာလဲ"
"သူအမေဆုံးသွားကတည်းကဖြစ်မယ်ထင်တယ် အဲ့ကတည်းကစပြီးဖြစ်တာဘဲ"
အဖေစကားဆုံးတော့ တစ်ဖက်သူဟာ ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်သည်ကို စိတ်ရှုပ်စွာနှင့်ပင် သူကြည့်လိုက်သည်။
မကြာမီ သူမကြိုက်သောစကားတွေလဲလာတော့မည်မို့ မျက်ခုံးတို့ဟာကြိုပြီးတွန့်ချိုးလျက်။
CZYTASZ
If all it is eight letters (Completed)