17

668 92 62
                                    

သူငယ်ချင်း ဆိုတာက အဲ့လောက်ထူးခြားမယ်မှန်း ကိုယ်မသိခဲ့ဘူး။ မဟုတ် ကိုယ့်အတွက်မဟုတ်ဘဲ ဂျယ်လီလေးအတွက်အဲ့လောက်ထူးခြားမယ်မှန်း ကိုယ်မခဲ့။

ကိုယ်တို့သူငယ်ချင်းဖြစ်သွားပြီး နောက်နေ့ ဂျယ်လီလေးက ကိုယ့်ဘေးမှာ သူငယ်ချင်းဆိုတာကို ပါးစပ်ကမချ။ အချိန်တိုင်းပြုံးနေပြီး အချိန်တိုင်း သူငယ်ချင်းဆိုတာကိုဘဲ ထိုင်ပြောနေတာ။ သူငယ်ချင်းဆိုတာ ထူးခြားတာလား ကိုယ်ဒီလိုတွေးနေမိတဲ့အထိ။ အဲ့လိုပျော်မယ်မှန်းသိရင် ကိုယ်အစကတည်းက ဂျယ်လီလေးနဲ့သူငယ်ချင်းလုပ်ခဲ့ပါတယ်။ အဲ့လိုဆို ဂျယ်လီလေးပြုံးရယ်နေတာကို အစောကတည်းက မြင်ရမှာလေ။

မနက်အစောကတည်းက ကိုယ့်အခန်းရှေ့ရောက်နေတဲ့ ဂျယ်လီလေးက ကိုယ့်ဘေးမှာတောက်လျှောက်ဘဲ။ သူဘယ်လောက်တောင်မှပျော်နေကြောင်း ညကလဲကောင်းကောင်းအိပ်ပျော်ကြောင်းတွေ ကိုယ့်ကိုပြောနေတာ။

မနက်စာစားတော့လဲ ဂျယ်လီလေးကအငြိမ်မနေပြန်ဘူး။ လှုပ်စိလှုပ်စိနဲ့ ကိုယ့်ထဲကို ဟင်းတွေထည့်ပေးလိုက် ဟီးခနဲရယ်ပြီးပြုံးပြလိုက် စကားတွေပြောလိုက်နဲ့။ ပြီးတော့ ခွက်ချင်းတိုက်ရအောင်ဆိုပြီးလဲ ကိုယ့်ခွက်ထဲရေတွေထည့်ပြီး သူ့ခွက်နဲ့တိုက်နေသေးတာ။ အဲ့လို မငြိမ်တဲ့ လှုပ်စိဂျယ်လီလေးကို ကြည့်မရမဖြစ်ဘဲ ဒီအတိုင်းအာရုံစိုက်နေမိတာကိုတော့ ကိုယ်တ်ိုင်လဲထူးဆန်းနေတာ။ ဂျယ်လီလေးက အစွမ်းတစ်ခုခုရှိတယ်ထင်ပါတယ်။

ကိုယ်ဒီနေ့တော့ စိုက်ခင်းတွေဆီသွားမှာ။ မှည့်နေမယ့် စပျစ်သီးလုံးလေးတွေကိုမြင်ချင်တာမို့လေ။

"နတ်ပြည်ကို? အိုမို နတ်သားလေးကနတ်ပြည်ကိုပြန်သွားတော့မှာပေါ့...ငါရော လိုက်လို့ရရဲ့လား"

နတ်ပြည်ဆ်ိုတာ ကိုယ်တို့တွေသွားလို့မရမှန်း ဂျယ်လီလေးကမသိတာလားနော်။ စာမဖတတ်တတ်တဲ့ ဂျယ်လီလေးက စာများများဖတ်ရင်တော့ကောင်းမယ်။ အဲ့ဒါမှဒီလိုအရာတွေကိုဂျယ်လီလေးကသိသွားမှာ။

"နတ်ပြည်ကိုသွားကြမယ်လေ နတ်သားလေးရဲ့မြန်မြန် မြန်မြန်"

"ဟိုကျမင်းထက်ချောတဲ့သူတွေရှိနေရင်ရော"

If all it is eight letters (Completed)Donde viven las historias. Descúbrelo ahora