2

880 97 11
                                    

Unicode

"နေရမယ့်အခန်းကဘယ်မှာလဲ"

ပြောင်းလဲသွားသည့် ဂျယ်ယွန်းပုံစံကို အဖေကတော့အံ့ဩနေသည်။ ဟုတ်သည်လေ တစ်မနက်ခင်းလုံး ဒီမှာမနေချင် ဒီကိုမသွားချင်၍ပြဿနာရှာနေသည့်သူက အခုခဏလေးအပြင်ထွက်ပြီးပြန်လာပြီးနောက် နေရမယ့်အခန်းကိုပါမေးနေတာက အံ့ဩစရာဖြစ်ရပ်တစ်ခုလိုပင်။

သူကတော့ ဘာကိုမှဂရုမစိုက် နေခိုင်းရင်နေလိုက်မယ်။ အတင်းပြန်ခေါ်တောင်နေမယ်။ ဘာလို့ဆို သူ့အတွက်ဒီမှာနေချင်စရာအကြောင်းပြချက်ကရှိသွားပြီမို့။

အဖေ့ပုံစံကပြောစရာအများကြီးရှ်ိနေသည့်ပုံပေါက်တာကြောင့်

"ကျန်းမာရေးဂရုစိုက် ကျွန်တော်လည်းဂရုစိုက်မယ်...ဘာမှလဲမစိုးရိမ် စိတ်မပူပါနဲ့ အဲ့လိုဖြစ်မယ်လဲမထင်ပါဘူး အစကတည်းက စိတ်ချလို့ဘဲဒီကိုပို့တာဘဲမလား"

ဂျယ်ယွန်းထိုသို့ပြောကာ လမ်းပြပေမည့်သူနာပြုဆရာမနဲ့အတူထွက်လာခဲ့လိုက်သည်။ သူနဲ့အဖေဆက်ဆံရေးက ကောင်းလွန်းလှသည်တော့မဟုတ်။ အမေဆုံးပြီး နောက်အိမ်ထောင်ပြုလိုက်တာကြောင့်လဲပါမယ်။ ဂျယ်ယွန်းက အဖေကိုအရွဲ့တိုက် ဂျစ်ကန်ကန်ပြောတဲ့သားဆိုးလေးတစ်ယောက်လိုပေါ့။

ထွက်သွားတဲ့ဂျယ်ယွန်းရဲ့ကျောပြင်ကိုကြည့်ရင်း သူသက်ပြင်းဖွဖွလေးချမိသည်။ သားငယ်ကသူ့ကိုမုန်းနေလောက်မှာအသေအချာပင်။ သို့ပေမယ့် ဘယ်တတ်နိုင်မလဲ သူကိုယ်တိုင်ကကိုဒီလိုဖြစ်အောင်တွေလုပ်ခဲ့တာမလား။ သူသားငယ်ကိုချစ်ပါသည်။ တစ်ဦးတည်းသောသားလေး သူ့ချစ်ဦးသူနှင့်ရထားသည့်သားလေး သူ့ရဲ့ရင်နှစ်သည်းခြားလေး ပြောမပြတတ်အောင်ကိုချစ်ပါသည်။ သို့သော်ငြားလည်း အချစ်တွေကိုထုတ်ဖော်မပြတတ်သူဖြစ်တာကြောင့် သူ့ရဲ့လုပ်ရပ်တွေဟာ သူနဲ့သားငယ်ကိုတစ်ဖြည်းဖြည်းဝေးကွာမှုတွေဖြစ်စေခဲ့သည်။

အကြင်သူဇနီးသည်ရှိစဉ်ကတော့ သူနဲ့သားငယ်ရဲ့ဆက်ဆံရေးဟာ အဆင်ပြေခဲ့ပါသည်။ အကြင်သူဇနီးသည်မရှိတော့သည့်နောက်မှာတော့ သူနဲ့သားငယ်ဆက်ဆံရေးဟာ ပြောင်းပြန်အခြေအနေသို့ရောက်သွားခဲ့သည်။ သားငယ်ရဲ့အခြေအနေကလဲ ဤသို့တွေဖြစ်လာခဲ့သည်။ ဘာကိုမှမတတ်နိုင်တာကြောင့် သူသည်ဟာလဲ လုပ်မြဲလုပ်နေကြတွေအတိုင်းသာဆက်လုပ်နေမိသည်။ မည်သို့ပင်ဖြစ်စေကာမူ သူသားငယ်ကိုချစ်ပါသည်။ သားငယ်ကထိုသည်ကိုမသိလဲရသည်။ သူကသားငယ်ကိုချစ်တာကြောင့် ဒီလိုတွေလုပ်ရတာကို သားငယ်မသိလဲရပါတယ်လေ။ ဒီမှာဆို သားငယ်ပိုလုံခြုံမှာပါ။

If all it is eight letters (Completed)Waar verhalen tot leven komen. Ontdek het nu