21

628 96 61
                                    

"လေးလေး ဂျယ်ယွန်းဟျောင်း သတင်းရော ဘာထပ်ကြားသေးလဲဟင်"

လေးလေးက သက်ပြင်းသဲ့သဲ့ချတယ်။ နောက်တော့ ပြန်မဖြေလာသေးဘဲ ဆောင်းဟွန်းဟျောင်းရှိနေတဲ့အခန်းကိုဘဲ လေးပင်မှုတွေနဲ့ကြည့်နေသည်။

"အခြေအနေကဆိုးပြီး မထူးလာလို့ UK ကိုရွှေ့မယ်ပြောတယ် ဂျယ်ယွန်းလေးရော ဂျယ်ယွန်းလေးအဖေကိုရော"

လေးလေးစကားဆုံးတော့ ဂျောင်ဝန်းရင်ထဲ အပူလုံးကြီးတစ်ခုက ဆူးချွှန်တွေအပြည့်နဲ့ဖြတ်ပြေးသွားသလိုဘဲ။ အဲ့လိုသာဆို ဆောင်းဟွန်းဟျောင်းက။ အဲ့လိုသာဆို ဆောင်းဟွန်းဟျောင်းကို ဘယ်လိုလုပ်ရပါ့မလဲ။ ဝမ်းနည်းမှု စိတ်မကောင်းဖြစ်မှုတွေကလဲ ဂျောင်ဝန်းထံအလျှံအပယ်ဖြစ်တည်လာပါတော့သည်။

"ဆောင်းဟွန်းဟျောင်း အခြေအနေကရောဟင်"

လေးလေးက ဘာမှပြန်မဖြေလာဘဲ ခေါင်းသာခါပြသည်။ ဂျောင်ဝန်း ပူပင်မှုတွေကို သက်ပြင်းထဲထည့်ကာချရင်း ဆောင်းဟွန်းဟျောင်းရှိနေရာ အခန်းငယ်ကို ငေးမောကြည့်လိုက်သည်။ မှန်အကြည်ကနေ မြင်ရတဲ့ ဆောင်းဟွန်းဟျောင်းရဲ့ ပုံရိပ်ကြောင့် ဂျောင်ဝန်းမျက်ဝန်းထဲ အရည်ကြည်တွေက ရုတ်ချည်းပြည့်လျှံလာတော့သည်။

ဘယ်လိုလုပ်ရပါ့မလဲ ဆောင်းဟွန်းဟျောင်းကို ဘယ်လိုလုပ်ရပါ့မလဲ

ဂျောင်ဝန်းစိတ်မကောင်းလွန်းလို့ ဝမ်းနည်းလွန်းလို့ ဘာမှကိုဆက်မပြောနိုင်တော့ပါပေ။ ကမ္ဘာတစ်ခုလုံးကို ဆုံးရှုံးသွားရတဲ့လူတစ်ယောက်လို သူကမဖြစ်ဖူးပေမယ့် အဲ့ခံစားချက်က ဘယ်လိုနေမလဲဆိုတာ ဂျောင်ဝန်းမခံစားဖူးပေမယ့် သိပါသည်။ အဆိုးဝါးဆုံးဆိုမှ အဆိုးဝါးဆုံးဖြစ်မှာဖြစ်ပြီး အရာရာကလဲအဖက်ဆယ်မရအောင်ဖြစ်နေမှာ။ ဆောင်းဟွန်းဟျောင်းက အခုအဲ့လိုမျိုးတွေခံစားရမှာ။ ဆောင်းဟွန်းဟျောင်းအတွက် ဂျယ်ယွန်းဟျောင်းက ကမ္ဘာတစ်ခုလုံးဖြစ်နေတော့ ကမ္ဘာကြီးကိုဆုံးရှုံးသွားရတဲ့ ဆောင်းဟွန်းဟျောင်းက အခု အရမ်းကို..

အတွေးနဲ့တင်ရင်နာလှသည်မို့ ဂျောင်ဝန်းဆက်မတွေးနိုင်တော့။ ဘယ်လိုလုပ်ရပါ့မလဲ။ သူကူညီလို့ရတာရှိရင် ကူညီပေးပါတယ်။ အခုတော့ အခြေအနေက သူလဲဘာမှဝင်ကူညီလို့မရတဲ့အခြေအနေဖြစ်နေရသည်။ ဖခင်ဖြစ်သူ accident ဖြစ်တာကြောင့် အိမ်ကိုပြန်သွားရတဲ့ ဂျယ်ယွန်းဟျောင်းက လမ်းမှာ accident ဖြစ်သွားခဲ့ရသည်။ ဘယ်လောက်တောင်မှ ဆိုးတဲ့ accident လဲဆို ကားဒရိုင်ဘာက နေရာမှာတင်ဆုံးပါးသွားရပြီး ကပ်သီလေးကံကောင်းလို့ အသက်မဆုံးရှုံးခဲ့တဲ့ ဂျယ်ယွန်းဟျောင်းက အခုဆို သတိပြန်မရသေးဘဲ စိုးရိမ်ရတဲ့အခြေအနေမှာ။ ဒီကဆေးရုံတွေကပါ မစွမ်းဆောင်နိုင်တော့ အခုနိုင်ငံခြားကိုပြောင်းရွှေ့ရတော့မယ်တဲ့လေ။ အဲ့လိုသာဆို ဂျယ်ယွန်းဟျောင်းနဲ့ ဆောင်းဟွန်းဟျောင်းက အချိန်အတော်ကြာဆက်ခွဲခွါနေရဦးမှာ။ ဒီလိုမျိုးကို ဆောင်းဟွန်းဟျောင်းက ရင်မဆိုင်နိုင်မှာသူသိတယ်။ တကယ်ကို ဘယ်လိုလုပ်ရပါ့မလဲ။ ဂျယ်ယွန်းဟျောင်းကအခုလိုဖြစ်နေရတဲ့အချိန်မှာ ဆောင်းဟွန်းဟျောင်းကပါ ဆိုးဝါးတာတွေမဖြစ်သင့်ဘူးမဟုတ်လား။

If all it is eight letters (Completed)Место, где живут истории. Откройте их для себя