26

729 91 27
                                    

"လူနာက ဘာကိုမှမမှတ်မိတော့ပါဘူး.. ဆိုရရင်တော့ လူနာက အတိတ်မေ့သွားတာပါ"

'ဗလာ' ဆိုတဲ့စကားလုံးက ဘယ်သူ့အတွက်ရည်ရွယ်ပြီး ဖြစ်တည်လာတဲ့ စကားမှန်းမသိပေမယ့် သူသတိရလာချိန်မှစလို့ ထိုစကားဟာ သူ့အတွက်ဖြစ်လာခဲ့သည်။

သူသတိရလာတော့ ခပ်ဖြူဖြူမျက်နှာကျက်ရယ် အဖြူရောင်ဝတ်စုံတွေနဲ့သူတွေရယ် ခပ်စူးစူးဆေးအနံ့တွေရယ် ထိုသည်တွေကိုပဲ သူတွေ့ခဲ့ရ ကြုံခဲ့ရ ရခဲ့သည်။ သူဘာလို့ဒီကိုရောက်နေတာလဲဆိုတဲ့အတွေး သူကရောဘယ်သူလဲဆိုတဲ့အတွေး ယုတ်စွအဆုံး သူ့နာမည်က ဘယ်သူလဲဆိုတဲ့ အခြေခံအကျဆုံးအတွေးကိုတောင် သူတွေးမရခဲ့ဘူး။ အဲ့လိုအချိန်တိုင်း သူထိုသို့သော မေးခွန်းတွေကို စဉ်းစားတိုင်း သူ့ဦးနှောက်က သူ့မှတ်ဥာဏ်တွေက ပေးလာတဲ့အဖြေက တစ်ခုတည်း 'ဗလာ' ဆိုပြီး။

"ဒါက ပြင်းထန်တဲ့ accident ကြောင့် ဦးခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်သွားပြီး မှတ်ဥာဏ်အပိုင်းအစတွေကိုပါ ထိခိုက်သွားလို့ အခုလို ဘာကိုမှ သတိမရဖြစ်နေရတာပါ.. ကုသမှုသေချာခံယူပြီး ဆေးပုံမှန်သောက်ရင်တော့ ပြန်မှတ်မိလာနိုင်ပါတယ်"

သူ ဒီစကားကိုကြားရတုန်းက အနည်းငယ်တွေဝေသွားခဲ့ရသေးသည်။ သူက ပြန်မှတ်မိစရာလိုရဲ့လားဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဗလာဖြစ်နေတဲ့ မှတ်ဥာဏ်တွေကိုပဲ အတင်းအကြပ်ပြန်ဖော်ရင်း တွေးခဲ့ရသည်။

အကယ်လို့ အတိတ်တွေက ပြန်မှတ်မိလဲ မထူးတာမျိုးတွေဖြစ်နေရင်ရော မဟုတ်လဲ အတိတ်တွေက ဆိုးဝါးလွန်းတာရောဖြစ်နေရင်ရော။ မဟုတ်လဲ ပြောင်းပြန်အနေနဲ့ မှတ်မိမှဖြစ်မယ့် ကောင်းမွန်တဲ့အတိတ်တွေဖြစ်နေရင်ရော။ ထိုသို့မျိုးစုံတွေးတောခဲ့ပေမယ့် နောက်ဆုံးတစ်ခုက မဖြစ်နိုင်ကြောင်း ဆေးရုံတက်နေရတဲ့ရက်တွေမှာ သူကသိခဲ့ရသလိုပဲ။ မှတ်ကိုမှတ်မိမှဖြစ်မယ့် ကောင်းမွန်တဲ့အတိတ်တွေသူ့မှာမရှိလောက်ဘူး။ ဘာလို့ဆို သူက မိသားစုတောင် မရှိတဲ့သူမို့ပဲ။

ဆေးရုံတက်နေတဲ့ရက်တွေမှာ သူ့ထံ လူနာရှင်ဆိုပြီး မည်သူမှပေါ်မလာခဲ့သလို သတင်းမေးဆိုပြီးလဲ တစ်ယောက်မှပေါ်မလာခဲ့။ သူဟာ တစ်ကောင်ကြွက်များဖြစ်နေမလား မိသားစုမရှိတဲ့ ဘယ်သူမှမသိတဲ့သူတစ်ယောက်ဖြစ်နေမလားဆိုပြီး တွေးတောမိခဲ့ပေမယ့် နောက်ရက်မှာတော့ သူ့ထံ သူမျှော်နေရတဲ့ လူနာရှင် ရောက်လာခဲ့ပါသည်။

If all it is eight letters (Completed)Where stories live. Discover now