11

641 112 56
                                    

"ဒါ ဒါကဘာလဲ မွေးနေ့လက်ဆောင် မွေးနေ့လက်ဆောင်လား"

စကားအဆုံးတွင်တော့ ဆောင်းဟွန်းက ခန္ဓာကိုယ်ကိုအနည်းငယ်နောက်ဆုတ်သွားပြီး ခေါင်းငြိမ့်ပြလာသည်။

သူ့ရဲ့ခုန်ပေါက်နေတဲ့နှလုံးသားငယ်ကတော့ တည်ငြိမ်နေခြင်းမရှိနေဆဲ။

"မွေး မွေးနေ့လက်ဆောင်ကိုဒါပေးရမယ်လို့ မင်းကိုဘယ်သူပြောလဲ"

"..."

"ယန်းဂျောင်ဝန်း ယန်းဂျောင်ဝန်းလား?"

ဆောင်းဟွန်းက ထပ်မံ၍ခေါင်းငြိမ့်ပြလာသည်။

"ဒီကြောင်ကတော့! ဘယ်သူက..ဘယ်သူက မွေးနေ့လက်ဆောင်ကိုအနမ်းပေးလို့လဲ မင်းကလဲ သူပြောသမျှလိုက်လုပ်ရလား"

ဂျယ်ယွန်းရဲ့မျက်နှာတစ်ခုလုံးဟာ ခပ်ရဲရဲဖြစ်နေပြီး ခုန်နှုန်းမြန်နေတဲ့နှလုံးသားကလဲ သူ့ကို စကားထစ်ခြင်းတွေဖြစ်နေစေသည်။

သူနှလုံးရောဂါရသွားရင်တော့ တရားစွဲရမှာက ပတ်ဆောင်းဟွန်းနဲ့ ယန်းဂျောင်းဝန်းကိုဘဲ။ မြှောက်ပေးသူစေခိုင်းသူက ယန်းဂျောင်ဝန်း၊ တရားခံက ပတ်ဆောင်းဟွန်း၊ ခံရသူက သူ။ ပြစ်မှုက နှဖူးထက် အနမ်းလာပေးမှု။

"အဲ့လို မွေးနေ့လက်ဆောင်ကို အနမ်းဘဲပေးလို့ရရင်တော့ လူတိုင်းအနမ်းဘဲပေးနေကြမှာပေါ့ ငါ့မွေးနေ့မှာလဲမင်းကပေး မင်းမွေးနေ့မှာဘဲငါကပေးနဲ့ ပြီး အခြားသူတွေမွေးနေ့တွေကျလဲ-"

ပြောစကားတွေကိုရပ်တန့်သွားစေသည်က မျက်စိရှေ့ကိုရောက်လာတဲ့ ဆောင်းဟွန်းထိုးပေးလာတဲ့ စာရွက်လိပ်လေးတစ်ခုကြောင့်။ ဂျယ်ယွန်း ယူကာ အလိပ်လေးကိုဖြည်ကြည့်လိုက်တော့ အထဲတွင်တော့ရှိနေသည်က ပုံလေးတစ်ခု။

သေချာခဲနဲ့ဆွဲထားတဲ့ပန်းချီပုံလေးဖြစ်သလို ပုံပိုင်ရှင်မှာတော့ ပြေးကြည့်စရာမလို နှစ်ယောက်မရှိနိုင်တဲ့ သူသာဖြစ်သည်။ ဘေးတစ်စောင်းအနေအထားနဲ့ ပြုံးနေသည့်သူ့ပုံကို သေချာလက်ရာမြောက်မြောက်ဆွဲထားသည်မှာ ဂျယ်ယွန်းကိုမင်သက်သွားစေတဲ့အထိပင်။

ပုံလေးရဲ့အောက်နားတွင်စာလေးလဲပါသေးသည်။

'မွေးနေ့မှာပျော်ရွှင်ပါစေ မင်း' တဲ့။

If all it is eight letters (Completed)Where stories live. Discover now