အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

4.3K 518 4
                                    

Chapter 22

နေ့လယ်ဘက်တွင် ကျွင်းဟွိုင်လန်က မင်းသားမြောက်များစွာနှင့်အတူတူ ဝမ်ဟွားခန်းမဆောင်၏နောက်ဘက် ကွင်းပြင်တွင် သိုင်းပညာလေ့ကျင့်လေ့ရှိသည်။

ထိုနေ့မှစ၍ ရွှယ်ယွင်စုက ရွှယ်ယန်ကို ပြဿနာမရှာတော့ပဲ သူ မရှိသည့်အတိုင်းသာ ဟန်ဆောင်နေလိုက်သည်။ တစ်ချိန်တည်းမှာပင် ဟူက ရွှယ်ယွင်ဟွမ်နှင့်စကားမပြောတော့ပဲ အခြားလူများနှင့်သာ ပြောဆိုဆက်ဆံသည်။

ရွှယ်ယွင်ဟွမ်လည်း တိတ်ဆိတ်သွားပြီး နောင်တစ်ကြိမ်တွင် ဤသို့ဝင်မပါမိရန် ဆုံးဖြတ်လိုက်သည်။

ရွှယ်ယွင်ဟွမ်က ကျွင်းဟွိုင်လန်ကို စကားပြောရန်အတွက် နေ့တိုင်းဆွဲခေါ်သွားသည်။ သူ့စိတ်က အပြောင်းအလဲမြန်ပြီး အပူအပင်ကင်းစွာ နေထိုင်ဆတ်သူဖြစ်၍ ကျွင်းဟွိုင်လန် စိတ်အခြေအနေမကောင်းသည်ကို သူ သတိမထားမိပေ။

နေ့လယ်ခင်းတွင် သိုင်းပညာသင်ပေးသည့်စရာများက မင်းမျိုးနွယ်မှ သားများကို ကိုယ်ရံတော်အစောင့်တပ်ဖွဲ့တစ်ဖွဲ့နှင့်အတူ တိုက်ခိုက်ရေးစွမ်းအင်များ သင်ကြားပေးနေသည်။

တာ့ယုံက  သိုင်းပညာထက် စာပေကိုဦးစားပေး၍ မင်းသားများက ကိုယ်ရံတော်ရဲမက်များနှင့် တိုက်ခိုက်ရသည်က အလွန်ရှားပါးသည်။ သို့ဖြစ်၍ မင်းသားများလေ့ကျင့်ရသည့် တိုက်ခိုက်ရေးနည်းလမ်းများက မမျှော်လင့်ထားသည့်အချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အဖြစ်အပျက်များအတွက် မိမိကိုယ်ကို ခုခံကာကွယ်ရန်နည်းလမ်းများသာဖြစ်သည်။ ကျွင်းဟွိုင်လန်က ချန်အန်းတွင် ကြီးပြင်းလာသူဖြစ်၍ သိုင်းပညာလေ့ကျင့်သည်ကလည်း ကြုံတောင့်ကြုံခဲမျှသာဖြစ်သည်။ ယခင်ဘဝက သေဆုံးသွားသည့်အချိန်ထိ လက်ဝှေ့ထိုးနည်းအနည်းငယ်နှင့် မိမိကိုယ်ကိုကာကွယ်ရန် ကွန်ဖူးသာ တတ်မြောက်ခဲ့သည်။

ဤရက်ပိုင်းတွင်းတွင် စိတ်နှင့်လူနှင့်မကပ် ဖြစ်နေခဲ့၍ လေ့ကျင့်ရန် စွမ်းအင်မရှိဖြစ်နေသည်။ သူနှင့်တိုက်ခိုက်သည့်အစောင့်များက သာမန်လှုပ်ရှားမှုအနည်းငယ် ပြုလုပ်လိုက်ရုံဖြင့် မြေပြင်ပေါ် လဲကျသွားခဲ့သည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now